Paisley Morrison-Johnson ဆိုတဲ့ ၁၆လသာရှိသေးတဲ့ ကလေးငယ်လေးဟာ မွေးရာပါရှားပါးရောဂါတစ်မျိုးကြောင့် လျှာအဆမတန်ကြီးပြီး အခက်အခဲတွေ့ခဲ့ရပါတယ်။ သူမကို တောင်ပိုင်း ဒါကိုတာပြည်နယ်မှာမွေးဖွားခဲ့ပြီး နောက်ဆုံးမှာ ခွဲစိတ်မှုကြောင့် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ 

ကလေးငယ်လေးရဲ့ အဆမတန် ကြီးနေတဲ့လျှာဟာ Beckwith-Wiedemann Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်ဖြစ်ပြီး ဒီရောဂါလက္ခဏာကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာရာမှာ ချို့ယွင်းပြီး သိသိသာသာကြီးမားနေခြင်းပဲဖြစ်ပါတယ်။ ဒီရောဂါမျိုးက ကမ္ဘာပေါ်မှာရှိတဲ့ မွေးကင်စကလေးငယ် အယောက် ၁၃,ရဝဝယောက်မှာ တစ်ယောက်နှုန်း ရှားရှားပါးပါးဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးလို့လဲသိရပါတယ်။

Paisleyကို ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန်ကတော့ ကလေးရဲ့လျှာဟာ သူတွေ့ဖူးသမျှ လျှာတွေထဲမှာ အကြီးဆုံးဖြစ်နေပြီး ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး ခုဆို Paisleyလေးဟာ တခြားသာမန်ကလေးတွေလို အားရပါးရ ရယ်နေနိုင်ပြီဖြစ်ပါတယ်။

Source : buzzfeed

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။