အပြောင်းအရွှေ့ရာသီ အားလပ်ရက်တွေဖြစ်တဲ့ ယခုလက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်အချို့သာ ယှဉ်ပြိုင်နေရသောကြောင့် အချို့ကစားသမားတွေအနေနှင့် မိသားစုနှင့်ချစ်သူနှင့် မိတ်ဆွေတွေနှင့်အပန်းဖြေနေကျပါတယ်။ 

နာမည်ကျော် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးသမားအချို့ဖြစ်တဲ့ အိုဇေး၊ရွန်းနီ၊စတာလင်၊ဒီဂီယာ၊လမ်းပတ်တို့ကဲ့သို့ နာမည်ကျော်ဘောလုံးသမားအချို့့ အပန်းဖြေနေပုံများကို ဖော်ပြလိုက်ပါတယ်။

အာဆင်နယ်ကစားသမား အိုဇေးအနေနှင့် တူရကီကကမ်းခြေတစ်ခုမှာ အပန်းဖြေနေသလို ချယ်ဆီးဂိုးသမားကော်တိုရစ်ကလည်း အမေရိကန်က Universal Studioမှာ မိတ်ဆွေတွေနှင့် လည်ပတ်နေကာ ရွန်းနီကိုတော့ ကလေးတစ်သိုက်နှင့်တွေ့ရှိရမှာပါ။

Hein  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။