ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးဟာချစ်သူသက်တမ်း ၅ နှစ်ကျော်ပြီး ၆ နှစ်နီးပါးရောက်ရှိလာပြီဖြစ်ပါတယ် ။

ဒီလိုအချစ်တွေမြဲနေပေမယ့် သူတို့လဲသာမန်စုံတွဲတွေလို ရန်ဖြစ်တဲ့ အချိန်တွေရှိကြောင်းကို

'' ညီမတို့ ချစ်သူ နှစ်ယောက်ကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲပေါ့။ အရင်တုန်းကဆိုရင်တော့ နှစ်ယောက်သားမှာ ပြဿနာလေး တွေက များတယ်။အဲ့ဒီပြဿနာကလည်း သဝန်တိုတဲ့ကိစ္စပါပဲ။သူက သဝန်တိုလိုက် ကိုယ်က သဝန်တိုလိုက်နဲ့ပေါ့ အခုလက်ရှိမှာတော့ နားလည်မှုတွေနဲ့အချစ်တစ်ခုကိုဆောက်တည်ထားပါတယ်။ " လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုထားပါတယ် ။

အိမ်ထောင်ပြုဖို့အတွက်လည်း မျှော်လင့်ချက်လေးတွေရှိပါတယ်တဲ့ ။

" အိမ်ထောင်တစ်ခုပြုဖို့ဆိုတာကလည်း အခုချိန်မှာ ညီမတို့ နှစ်ယောက် စလုံးက ကြိုးစားနေကြတဲ့သူတွေဖြစ်တဲ့အတွက် မျှော်လင့်ချက်လေးတွေကတော့ရှိပါတယ်၊ သေချာတဲ့နေ့ကျရင်တော့ ပရိသတ် တွေ အရင်ဆုံးသိရမှာပါ'' လို့ သူကဆိုပါတယ်။

ကောင်းပြည့်ကလည်း သူ့အချစ်ရေးနဲ့ ပါတ်သတ်လို့

“ကျွန်တော့်အလုပ် ကျွန်တော် လုပ်နေ သလို သူလည်း သူ့အလုပ်ကို သူလုပ်နေတာပါပဲ၊ နားလည်မှု ဆိုတဲ့နေရာမှာ အချစ်ဆိုတာထက် သံယောဇဉ် ဆိုတဲ့ အရာကတော့ ပိုခိုင်မြဲတာပေါ့။်ဘယ်လောက် ပဲ နားလည်ပါစေ တစ်ချိန်ချိန်မှာတော့ နားလည်မှုဆိုတာ လွဲမှားတတ်ကြတယ်။အဲ့ဒါနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အကြောင်းပြချက်ရှိရင်တော့ တစ်မျိုးပေါ့၊ ခိုင်မာတဲ့ အကြောင်းပြချက်ရှိခဲ့ရင်တောင် သံယောဇဉ်ဆိုတဲ့ အရာနဲ့ အဲ့ဒီလူကို မစွန့်လွှတ်နိုင်တဲ့ စိတ်နဲ့ လက်တွဲဖြစ်ပါတယ်။အဲ့ဒီတော့ နားလည်မှုဆိုတာထက် သံယောဇဉ်ဆိုတဲ့ အရာက ပိုခိုင်မြဲစေပါတယ်” လို့ ဆိုပါတယ် ။

သူတို့ချစ်သူနှစ်ဦးကို အားပေးကြပါဦး ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။