တစ်ရွာလုံးဆူလို့ညံလို့ ရုပ်ရှင်ဇာတ်ကားကြီးကတော့မကြာခင်မှာရုံတင်တော့မှာပါ ။ ထိုဇာတ်ကားထဲမှာ ဇာတ်ရုပ်အဆန်းလေးနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့့

သရုပ်ဆောင်ဘေဘီမောင်ကတော့ သူမရဲ့ ကာရိုက်တာအကြောင်းကိုအောက်ပါအတိုင်းပြောပြထားပါတယ် ။ 

''ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာအမွှေစိန်သဘောမျိုးလေးပေါ့။ရွာဇာတ်ကားလေးဖြစ်တဲ့အတွက် ရွာသူပုံစံလေးနဲ့ မြန်မာဝတ်စုံ ဝတ်ရတာပေါ့။အဲ့ဒီအထဲမှာလည်း ကိုယ်က ရွာထဲက အပျိုကြီးတွေနဲ့တွဲတဲ့အပျိုပေါက်လေးပေါ့နော်။ရန်တွေဖြစ်တယ် ကိုယ်တိုင်ကလဲ ရည်းစားမထားတဲ့သူ။ တကယ်တော့ ကိုယ်ကြိုက်နေတာက အခြောက်မ ကိုရဲလေး ကိုကြိုက်နေတာပေါ့။သူက ချစ်စရာလေးနဲ့ ပုန်း နေတာလေ ကိုယ့်ကိုယ်လည်း သူက စိတ်ဝင်စားတာမဟုတ်ဘူး။ကိုယ်ကလှတော့လှတယ်ဒါပေမယ့် ဆက်ဆက်ထိမခံပေါ့။ ပေါက် တက် ကရတွေပြောတာပေါ့နော်။ ရွာထဲက ပွဲလုပ်တိုင်းမှာလည်း ကိုယ်က အမြဲတမ်းပါချင်တယ်'' လို့ ဘေဘီမောင်က ဆိုပါတယ်။

ဇာတ်ကားထဲကအမှတ်တရအနေနဲ့

" ရုပ်ရှင်ဇာတ်ကားကြီးထဲက အမှတ်တရကတော့ မခိုင်လေးနဲ့ ကိုခန့် ချိန်းတွေ့တဲ့အချိန်မှာ ကိုယ်ကချောင်းကြည့် ရတာပေါ့ အဲ့ဒီအချိန်မှာ ဘေးမှာလူတွေကလည်း ကြည့်နေတယ် ကိုယ်ကလည်း ကုန်းပြီးကြည့်ရမှာဆိုတော့ မကုန်းချင်ဘူး။ အဲ့ဒါကို ဆရာက ဟဲ့ ကုန်းပါလား အဲ့ဒါမှ ကာရိုက်တာက ပီပြင်မှာပေ့ါ။ ရီရမှာပေါ့ ဆိုပြီးတော့လည်းပြောတယ်။ အောက်မှာကလည်း ပုရွက် ဆိတ်တွေနဲ့ အပင်မှာလည်း အကောင်တွေရှိတယ်။တချို့တွေဆို စ ကြတယ် ဘေဘီမောင် ဘာကုန်းကောက်နေတာလဲ၊ ငါ့ပိုက်ဆံ ပြန်ပေးဆိုပြီးတော့ အနှောက်လေးတွေပြောကြတာ အမှတ်တရပါပဲ" လို့ Duwun Media ကအင်တာဗျူးမှာဖြေဆိုထားပါတယ် ။

အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Baby & Barani ( Beauty & Fashion House ) ဆိုင်ကိုလည်း ဦးစီးနေတယ်ဆိုတဲ့ ဘေဘီမောင်က

နောက်ထပ်အနုပညာလှုပ်ရှားမှုုတွေအများကြီးလုပ်သွားဦးမှာပါ ။ ဘေဘီမောင်ကိုချစ်တဲ့ ပရိတ်သတ်တွေရှိကြလား ?

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။