ခုလတ်တလောမှာ အွန်လိုင်းမှာပျံနှံလာတဲ့ ချစ်သူနဲ့အတူ Shopping ထွက်နေတဲ့ မင်းသမီးပက်ထရစ်ရှာရဲ့

ဓါတ်ပုံတွေထဲက ချစ်သူဟာ နိုင်ငံခြားသားဖြစ်နေတာကြောင့် အချို ့သူတွေကပြောဆိုဝေဖန်မှုများရှိခဲ့ပါတယ် ။

အားပေးထောက်ခံတဲ့ ပရိတ်သတ်တွေလဲ တွေ့ရပါတယ် ... ထိုကိစ္စနဲ့ပါတ်သတ်ပြီး ပက်ထရစ်ရှာက

" တကယ့်ပရိတ်သတ်အစစ်ဆိုတာ အနုပညာကိုပဲအားပေးတာ ဝေဖန်တာ အခြားလူမှုရေးကိစ္စတွေပါ ပုတ်ခတ်မနေဘူး ။

ရည်းစားလေးထားမိပါတယ် ။ ပုတ်ခတ်ကြတာမြင်မကောင်းဘူး ။ လူမျိုးရေးတွေပါပါလာပြီ " လို့ ဆိုလိုက်ပါတယ် ။

ချစ်သူရဲ့ အကြောင်းနဲ့ ချစ်သူထားတဲ့ကိစ္စနဲ့ပါတ်သတ်ပြီး စွပ်စွဲချက်တွေကိုလည်း အကောင်းဘက်ကဖြည့်တွေးပေးတဲ့

ပရိတ်သတ်တွေရဲ့ ကွန်မန့်တွေနဲ့အတူ အောက်ပါအတိုင်းပြန်လည်ဖြေရှင်းထားပြီး ပရိတ်သတ်တွေ

အထင်မလွဲကြစေလိုဘူးလို့ သူမက ဆိုထားပါတယ် ... ။

" ဒီ comment မန့်တဲ့လူတွေလိုမျိုး positive ဘက်ကဖြည့်တွေးပေးတတ်တဲ့အတွေးမျိုးရှိတဲ့လူမျိုးကတော်တော်ရှားမှန်းသိလိုက်ရတယ် ?

ရှင်းပြရမယ့်အကြောင်းအရာတွေကြောင့်စာတွေကတော်တော်ရှည်သွားပါတယ်ရှင်

အော်... လူတစ်ချို့လည်းလွယ်လွယ်လေးကိုခက်ခက်ခဲခဲကြံကြံဖန်ဖန်တွေတွေးကြပါလားနော်!

ရေးထားတာရှင်းရှင်းလေးဖြစ်တဲ့မြန်မာစာကိုရှုပ်ထွေးအောင်ဖတ်ပြီးတစ်လွဲအတွေးတွေတွေးနေကြပါလားကွယ်...

ရှာရှာ့လို International school တက်ပြီးကြီးပြင်းလာတဲ့မြန်မာစာကိုမနေ့တစ်နေ့ကမှကျွမ်းကျွမ်းကျင်ကျင်တက်တဲ့လူတောင် မြန်မာစကားကိုအဓိပ္ပါယ်ပေါက်အောင်သေချာဖတ်တတ်ပါတယ်

၁။ ရှာရှာ ပြောထားတဲ့ အောက်တန်းကျပြီးစည်းမရှိကမ်းမရှိနိုင်လွန်းတယ်ဆိုတာ ပရိသတ်မဟုတ်တဲ့သူခိုးကျင့်သူခိုးကြံနဲ့ဓာတ်ပုံခိုးရိုက်တဲ့နဲ့ ဒီပုံတွေကို social media မှာပျံ့နှံသွားအောင်အရင်ဆုံးစဖြန့်တဲ့လူယုတ်မာ ဒီကိစ္စနဲ့ပတ်သက်တဲ့လူ၂ ယောက်ကိုပဲပြောတာပါ (စာကိုအစအဆုံးနားလည်အောင်သေချာပြန်ဖတ်ကြည့်ပါ) သူများရဲ့ကိုယ်ပိုင်လွပ်လပ်ချိန် privacy ကိုဓာတ်ပုံခိုးရိုက် social media မှာဖြန့်တာမျိုးဟာဘယ်သူ့ကိုမဆိုမလုပ်သင့်တဲ့အရာပါ လူတိုင်းမှာသိစေချင်တဲ့လူလည်းရှိမယ်၊မသိစေချင်တဲ့လူလည်းရှိမယ်

သူများနိုင်ငံတွေမှာလည်း paparazzi တွေရှိတာပဲဆိုတဲ့စကားကိုတော့လွယ်လွယ်လေးမပြောနဲ့နော့် အဲ့ဒီသူများနိုင်ငံဆိုတာကြီးနဲ့ကိုယ့်နိုင်ငံနဲ့အမြင်ချင်းမတူကြဘူးလေကွယ် ဒီနိုင်ငံမှာအဲ့လိုချစ်သူရည်းစားနဲ့ဓာတ်ပုံတွေတက်လာလို့လက်ခံနိုင်တဲ့လူဆိုတာကအရမ်းရှားပါသေးတယ် ညစ်ညမ်းတဲ့စကားတွေနဲ့၂ယောက်စလုံးကိုပေးစားပြီးလင်မယားအသုံးအနှုံးတွေနဲ့ဆဲမယ့်ဝေဖန်မယ့်သူတွေပဲများနေလိမ့်ဦးမယ်ရှင့်

၂။ မိန်းမပျက်လိုအနေအထိုင်မတက် အမြင်မတော်အောင်နေမှတော့ ပရိသတ်ကအပြစ်ပြောဝေဖန်မှာပေါ့လို့ပြောကြတဲ့ လူတွေလည်း ပုံတွေကိုအစအဆုံးသေချာကြည့်ပြီးမှပြောပါနော် လက်ကလေးတွဲပြီး shopping ထွက်တဲ့ပုံတွေမှာ ဘယ်နေရာကများသရုပ်ပျက်အမြင်မတော်တွေဖြစ်နေလို့လဲရှင်? ဖက်ထားတဲ့ပုံဆိုရင်တောင် ချစ်သူအချင်းချင်းဖက်တာပဲလေဘာတွေများလွန်ကြူးနေလို့လဲ? ပြောနေတဲ့လူတွေကရောကိုယ့်ကိုကိုယ်ရည်းစားနဲ့ချိန်းတွေ့ရင်လူမြင်ကွင်းပန်းခြံမှာတောင်ဘယ်လိုလေးတွေလုပ်ကြတယ်ဆိုတာကိုပြန်မြင်ယောင်ပေးကြပါရှင်

အမေလည်းဘယ်နေရာသွားသွားပါပါတယ် အောက်ထပ်က Cafe မှာထိုင်စောင့်နေပါတယ် Sue Sha Naing Facebook wall ပေါ်တွင်မြင်တွေ့နိုင်သောသူများ tag လုပ်ထားသောဓာတ်ပုံထဲတွင် အဝတ်အစားအတူတူ၊ Versace handbag အတူတူ၊ Karlito bag charm အတူတူ၊ Adidas Stan Smith ဖိနပ် အတူတူတို့ဖြင့် ဘေးနားတွင်အမေတစ်ယောက်လုံးပါနေသည်ကိုမြင်တွေ့ကြမှာပါ။

၃။ တဏာစိတ်နဲ့အားပေးတယ်လို့ပြောတာကလည်း ရည်းစားလေးထားမိလိုက်တာနဲ့ပဲ မြင်ဖို့မသင့်တော်သောညစ်ညမ်းကြမ်းတမ်းရိုင်းစိုင်းသောစကားများဖြင့်ပုတ်ခတ်ပြီးအားပေးမှုချက်ချင်းဆိုသလို ပြောင်းလဲမှုမြန်ဆန်လွန်းတဲ့ပရိသတ်အစစ်မဟုတ်တဲ့ယောကျင်္ားတွေကိုရည်ရွယ်တာပါ နှာဗူးလို့ကိုယ့်ကိုကိုယ်ဝန်ခံတဲ့ နှာဗူးတွေကတော့နာကြပေါ့နော့် နှာဗူးမဟုတ်ပဲ အနုပညာကိုအားပေးတဲ့ယောကျင်္ားတွေဆိုရင်တော့ဘာနာစရာရှိလဲလေ မဟုတ်ဘူးလားရှင့်?

၄။ ကဲ! ဟုတ်ပါပြီ ရှာရှာက European နဲ့ချစ်သူဖြစ်နေလို့ဆဲကြပါတယ်တဲ့ မြန်မာယောကျင်္ားလေးနဲ့ချစ်သူဖြစ်တဲ့ celebrity တွေရောအဆဲအောက်ကလွတ်တဲ့လူရှိလို့လား? 

မှန်တယ်! ရှာရှာ့ချစ်သူက လူမျိုးခြားဖြစ်တယ် Christian ဘာသာဝင်ဆိုပေမယ့်လည်း ကိုယ်ဘုရားသွားတဲ့အခါပုဆိုးလေးဝတ်ပြီးဘုရားကိုလိုက်ခဲ့ပေးတယ် ဘုရားလိုက်ရှိခိုးတယ် ယဉ်ကျေးလိမ္မာတယ် လူတိုင်းအပေါ် respect ရှိတယ် မိဘအပေါ်ရိုသေကိုင်းရှိုင်းတယ် ရှာရှာ့အနားမှာအမေအမြဲပါနေလည်းအမေကိုမငြိုငြင်ဘူး ဘာဖြစ်လို့လည်းဆိုတော့သူကြိုက်ထားတာမြန်မာနိုင်ငံကဗမာမိန်းကလေးဆိုတာကိုသူနားလည်တယ် ရှာရှာ့ကိုအမြတ်တနိုးနဲ့တန်ဖိုးထားတယ် မိန်းကလေးကိိုဦးစားပေးတယ် တစ်ခါမှစိတ်ဆိုးမာန်ဆိုးနဲ့ဘယ်တော့မှမဆက်ဆံဘူး ချစ်သူ၂ဦးကြားမှာပြသနာတက်ရင်တောင် လက်ပါဖို့နေနေသာသာအသံမာမာတောင်မပြောခဲ့ဖူးဘူး အေးဆေးငြင်သာစွာဖြေရှင်းတတ်တယ် ပြီးခဲ့တဲ့အတိတ်ကကိစ္စတွေကိုချေးဟောင်းရေနှုးပြန်အစဖော်ပြီးပြသနာရှာတတ်တဲ့အမျိုးအစားထဲမပါဘူး ကိုယ့်အပေါ်ဒီလောက်ကောင်းနေတဲ့ယောကျင်္ားမျိုးကိုတွဲထားတာကိုဘာလို့များအဲ့ဒီလောက်အထိဆိုးဆိုးရွားရွားတွေဝေဖန်နေရတာလဲ လူမျိုးရေးတွေဘာသာရေးတွေမဝေဖန်သင့်ပါဘူး ဘယ်လူမျိုးဘယ်ဘာသာမဆို ကောင်းတဲ့လူရှိသလို၊ဆိုးတဲ့လူလည်းရှိတာပါပဲ အားလုံးကိုသိမ်းကြုံးပြီးမပြောသင့်ပါဘူး

နောက်ပြီးသူသည်ရှာရှာနှင့်သင့်တော်တယ်ထင်လို့ရှာရှာကိုယ်တိုင်ရွေးချယ်ထားတဲ့လူပါ ကိုယ့်ချစ်သူကိုကိုယ့်ဘာသာလွပ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ် ဘာလို့များသူတစ်ပါး privacy ကိုဝင်ရောက်စွက်ဖက်ဝေဖန်နေကြတာလဲရှင်?

လူပျိုနဲ့အပျို သဘာဝအတိုင်းချစ်သူဖြစ်မိပါတယ် "ဖာသည်မ" ဆိုတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်ကျင့်သိက္ခာကိုစော်ကားခံရတယ် ညစ်ညမ်းသောအတွေးအခေါ်တွေနဲ့မြင်ဖို့မသင့်သောနှမချင်းကိုယ်ချင်းမစာမနာသော comment တွေရေးကြတယ် ရှာရှာ့အသိုင်းအဝိုင်းတွေ အသိမိတ်ဆွေသူငယ်ချင်းတွေထဲမှာ European တွေနဲ့ချစ်ကြိုက်ကြတဲ့၊လက်ထပ်ကြတဲ့အမျိုးသမီးတွေမှအများကြီးပါ သူဌေးသမီးတွေ မိကောင်းဖခင်သားသမီးတွေ မျိုးရိုးကောင်းတဲ့လူတွေချည်းပဲ အနောက်နိုင်ငံသားတွေဟာလည်းမြန်မာအမျိုးသမီးတွေကိုအရမ်းတန်ဖိုးထားကြပါတယ်

ရှာရှာ့အဖိုးလည်း European လူမျိုးစစ်စစ်ပါပဲ ရှာရှာ့အဖွားကိုအရမ်းချစ်အရမ်းတန်ဖိုးထားပါတယ်

အကိုတို့တွေပြောဆိုနေပုံအရဆိုရင် အနောက်နိုင်ငံသားတွေနဲ့ချစ်သူဖြစ်တဲ့၊လက်ထပ်တဲ့မိန်းကလေးတွေအားလုံးကို "ဖာ" အဖြစ်သတ်မှတ်လိုက်တာပဲလားရှင်?

၅။ ရှာရှာချစ်သူကိုစပွန်ဆာလို့စွပ်စွဲရအောင်ရော... သူ့အသက်ကရှာရှာ့ထက် ၆ နှစ်ပဲကြီးတယ် ဘယ်လူပျိုက အမ်းတာကြားဖူးလို့လဲ? မြန်မာပြည်ရဲ့ကျိကျိတပ်ချမ်းသာတဲ့သူဌေးသားတွေတောင်မအမ်းဘူး

သူတို့ဘိုတွေပိုတောင်ဆိုးသေး Gold digger မတွေဆိုအရမ်းမုန်းတာ သူတို့ရှေ့မှာပိုက်ဆံအကြောင်းဆိုပြောလို့ကိုမရတာ သူဝယ်တာသူပိုက်ဆံရှင်း ကိုယ်ဝယ်တာကိုယ်ပိုက်ဆံရှင်း ချစ်သူ၂ဦး Romantic ဆန်ဆန် Evening လေးမှာ Dinner စားတာလောက်ပဲသူတို့တာဝန်ယူတာ မိန်းမတိုင်းကိုစပွန်ဆာရှာနေတဲ့လူတွေအဖြစ်သိမ်းကြုံးပြီးမထင်လိုက်ပါနဲ့ မိန်းကလေးချင်းတူပေမယ့် တစ်ယောက်နဲ့တစ်ယောက် မိသားစုအခြေအနေ၊အနေအထား၊စိတ်နေစိတ်ထားချင်းမှမတူကြတာ

စပွန်ဆာရှိတဲ့မိန်းကလေးတွေကိုလည်းရှာရှာအပြစ်မပြောဘူး သူတို့အတွက်ကောင်းတယ်ထင်လို့သူတို့ရွေးချယ်တာ သူတို့ဘဝနဲ့သူတို့ပဲ သူတို့ကိစ္စ ကိုယ့်အပူလည်းတစ်စက်မှမပါဘူး စိတ်ကိုမဝင်စားတာ

နောက်တစ်ချက်က...

၆။ ပရိသတ်ကိုစော်ကားတယ်၊မိုက်ရိုင်းတယ်၊ရန်စွာတယ်လို့စွပ်စွဲတာတော့မှားနေကြပြီနော်

ပရိသတ်ဆိုတာကျေးဇူးရှင်ကြီးတွေဆိုတာလည်းသိပါတယ် ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်သာ Patricia ဖြစ်လာတယ်ဆိုတာလည်းသိပါတယ်

အခုရှာရှာ့ကိုစော်ကားချောက်တွန်းပြီးဖောင်းထုနေတဲ့လူတွေကိုသာ ရှာရှာအရမ်းဒေါသထွက်နေလွန်းလို့သူတို့ကိုသာရည်ရွယ်ပြီးပြောထားတာပါ ရှာရှာ့ကိုအားပေးနေတဲ့ပရိသတ်အစစ်အမှန်တွေကိုရှာရှာဘယ်လောက်အထိတန်ဖိုးထားသလဲ ဘယ်လောက်အထိရင်းနီးစွာဆက်ဆံသလဲဆိုတာကိုရှာရှာ့ကိုအစစ်အမှန်အားပေးတဲ့အမာခံပရိသတ်တိုင်းသိကြပါတယ်

ရှာရှာသည်ဘယ်လိုလူတွေကိုရည်ရွယ်ပြီးပြောနေတာလဲဆိုတာကို ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေနဲ့ပဲသေချာဝေခွဲနိုင်ကြပါစေ အတွေးမတိမ်တဲ့လူဆိုရင် ဦးနှောက်မရှိတဲ့လူတွေဆဲတိုင်းကိုယ်ပါသူတို့နောက်ကလိုက်မဆဲမိပါစေနဲ့ ရှင်

သိမ်းကြုံးပြီးအထင်မလွဲကြပါနဲ့ရှင်... "  

သတင်းအရင်းမြစ် Patricia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။