ဦးလေးကြီးကတော့ လုပ်ချလိုက်ပြန်ပါပြီ ။ ချစ်သူလေး ဒါဒါစိုးရဲ့ live မှာ comment တွေရေးပြီးလိုက်စနေတာပါ ။

Live လွှင့်နေတဲ့ ဒါဒါစိုးလေးကလဲ သူ့ချစ်သူကို ပြန်ပြောနေတာလေးတွေ ချစ်စရာလေးတွေပါ ။

သူတို့နှစ်ယောက်ကိုကြည့်ရတာ ဟန်ဆောင်မှုတွေကင်းပြီးလွတ်လွတ်လပ်လပ်ပျော်ရွှင်နေတာမို့

ပရိတ်သတ်တွေကတော့ သဘောကျနေကြပါတယ် ။ ရွှေထူးကတော့ လူငယ်ပရိတ်သတ်တွေကြား

ရေပန်းစားလူကြိုက်များတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်

အချစ်ရေးကိစ္စနဲ့ပါတ်သတ်လို့တော့ အေးဆေးတည်ငြိမ်သူပါ ။ ချစ်သူနဲ့ တစ်နိုင်ငံဆီမှာနေရတဲ့

LDRS တွေ ဖြစ်ပေမယ့် သွေးမအေးဘဲ အမြဲနွေးထွေးတဲ့ သူတို့နှစ်ယောက် ကတော့

LDRS စုံတွဲတွေရဲ့ စံပြ အတွဲလို့တောင်ဆိုရမလားပါပဲ ... ။

ဒါဒါလေးရော ရွှေထူးရော ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆို Video File လေးနဲ့ ပုံလေးတွေကို အောက်မှာသာကြည့်လိုက်ပါတော့ ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် Dar Dar Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။