လူမှုကွန်ရက်မှာတော့ ပရိသတ်တွေက သဘောကျလွန်းလို့ ပြန်လည်မျှဝေထားကြပါတယ်။

ပရဟိတမင်းသားတစ်လက်အဖြစ် နာမည်ကြီးတဲ့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ သဘာဝမင်းသားတစ်လက်အဖြစ် တင်စားခံရတာပါ။

ကြက်ခြေနီအသင်းမှာရော ဝေဠုကျော် ဖောင်ဒေးရှင်းမှာပါ ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဝေလုကျော်ဟာ အနုပညာလှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတာကြာပါပြီ။

MRTV4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲမှာတော့ ပြဇာတ်တစ်ခုမှာ မိန်းကလေးလို ဝတ်ဆင်ကာ သရုပ်ပြတင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

တစ်ခါမှ အခြောက်ဇာတ်ရုပ်နဲ့ မမြင်ဖူးတဲ့ ဝေဠုကျော်ကို အခုလို မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး ပါဝင်တင်ဆက်ထားတာမြင်တော့ ပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။

လက်တလောလူမှုကွန်ရက်မှာတော့ မိန်းကလေးပုံစံဝတ်ကာ လှပနေတဲ့ ဝေဠုကျော် ရဲ့ ဟန်ပန်အမူအရာတွေက လူပြောများနေပါတယ်။

သတင်းအရင်းမြစ် wai lu kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။