အသည်းကွဲနေသူတွေအတွက် လက်ရှိအခြေအနေမှာ ခံစားနေရတာ သူတို့အတွက် အင်မတန်မှ ခက်ခဲလှပါတယ်။ ဒီလိုဖြစ်နေတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို တတ်နိုင်သလောက် အားပေးခြင်းက ကိုယ့်အတွက် မပင်ပန်းပေမဲ့ ခံစားနေရသူနေရာက စိတ်သက်သာရာ ရမှာပါ။ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်း/ မိတ်ဆွေတွေ အတွက်ပဲဖြစ်ဖြစ် အသည်းကွဲခြင်းက ရုန်းထွက်နိုင်ဖို့ ဒီ နည်းလမ်း (၁၀)ချက်က လျှင်မြန်စွာကုစားနိုင်ပြီး အသည်းကွဲခြင်းကို လျှင်မြန်စွာမေ့နိုင်ပါလိမ့်မယ်။

၁။အမှတ်တရပစ္စည်းတွေ ရှင်းထုတ်လိုက်ပါ။

သင့်ရဲ့အိမ်၊ သင့်ရဲ့အခန်းကို စိတ်အပြောင်းအလဲဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။

သင့်အိမ်မှာ၊ သင့်အခန်းမှာ၊ သင့်ဗီဒိုထဲမှာရှိတဲ့ စုံတွဲဓာတ်ပုံတွေ၊ အမှတ်တရ ပစ္စည်းတွေ၊ သူပေးထားတဲ့အရုပ်စတာတွေ အားလုံးကို လွှင့်ပစ်လိုက်တာဖြစ်ဖြစ်၊ သူများပေးလိုက်တာဖြစ်ဖြစ် ကိုယ့်ရှေ့ကို လုံးဝ ပြန်မရောက်လာနိုင်အောင် ရှင်းထုတ်ပစ်လိုက်ပါ။ အဲ့ဒီအစား ပိုကောင်းတဲ့ အရာတွေကို အစားထိုးသုံးပစ်လိုက်ပါ။

၂။ အချိန်မရှိလို့ မလုပ်ဖြစ်တာတစ်ခုကို အခုပဲ လုပ်ပစ်လိုက်ပါ။

ခရီးထွက်ချင်ရင် ထွက်ပစ်လိုက်ပါ။ ဘဝမှာ ကျန်နေသေးတဲ့ စိတ်လှုပ်ရှားစရာတွေ၊ အောင်မြင်မှုတွေ၊ အများကြီးရှိနေတယ်ဆိုတာ သတိရပါ။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပြီး ပျော်စရာအမှတ်တရလေးတွေ ဖန်တီးလိုက်ပါ။ သူ ဆိုတာကို တတ်နိုင်သမျှ ချက်ချင်းမေ့ပစ်ပါ။ သတိရလာရင်လည်း ချက်ချင်း အလုပ်တစ်ခုခု ထလုပ်လိုက်ပါ။

၃။ Facebook, Instagram တွေနဲ့ ဝေးဝေးနေပါ။

ဒီလို လူမှုကွန်ယက်တွေမှာ သူ့့ကိုု block, unfriend, unfollow တစ်ခုခု လုပ်လိုက်ပါ။ Facebook, Instragram, Viber စသည့် လူမှုကွန်ယက်နှင့် ဝေးဝေးနေပါ။ အသည်းကွဲ status တစ်ကြောင်းက သင့်အတွက် အားပေးမှုထက် မေးလာမဲ့ မေးခွန်းတွေကို သင် ဖြေနေပါလိမ့်မယ်။ ဒါ့ကြောင့် အသည်းကွဲနေတုန်း status တင်ထာထက် ဒီလူမှုကွန်ယက်နဲ့ ဝေးဝေးနေနိုင်အောင် ကြိုးစားတာ သင့်အတွက် အကျိုးရှိပါလိမ့်မယ်။

၄။ သီချင်း နားထောင်ပါ။

ဒီအချိန်မှာ အသည်းကွဲသီချင်းနဲ့ အချစ်သီချင်းတော့ ရှောင်ရပါလိမ့်မယ်။ သင့်စိတ်ကို လန်းဆန်း မြူးကြွစေမဲ့ သီချင်းမျိုးနဲ့ ဘဝကို အရှုံးမပေးဘဲ စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် သီချင်းမျိုးတွေကတော့ အကောင်းဆုံးပါ။ သီချင်း မြူးမြူးလေးတွေ ရွေးနားထောင်ကြည့်လိုက်ပါ။

၅။သူ့ကို သည်းခံခဲ့ရတာတွေ ပြန်တွေးပါ။

ကိုယ် လုံးဝ မကြိုက်တဲ့ အချက်တွေ သူ့မှာ အနည်းနဲ့ အများ ရှိမှာပါ။ ဒါကို ပြန်တွေးပါ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေ ဆိုတဲ့ စကားအတိုင်း သူ့ရဲ့ မကောင်းတဲ့ အချက်၊ ကိုယ် လုံးဝ မကြိုက်ဘဲ သည်းခံခဲ့ရတဲ့ အချက်တွေကို သတိရပါ။ ပြန်တွေးပါ။ သူနဲ့ လမ်းခွဲခဲ့တာ ငါ မမှားပါဘူးလို့ ယူဆတဲ့ အချိန်အထိပေါ့။

၆။သူနဲ့ရင်းနှီးတဲ့ သူတွေနဲ့ လက်ရှိ မပတ်သတ်ပါနဲ့။

သူနဲ့ပတ်သက်ပြီးမှ ရင်းနှီးခဲ့ရတဲ့ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို လက်ရှိ ခင်မင်မှုစာရင်းက ထုတ်လိုက်ပါ။ ရာသက်ပန် မဟုတ်ရင်တောင် သူ့ကို မေ့နိုင်တာ သေချာတဲ့ တစ်နေ့အထိပေါ့။ သင့်ကိုသင် ယုံံကြည်မှုထားပြီး သင်မှန်တယ်လို့ တွေးပါ။

၇။ အမှတ်တရနေရာတွေ မသွားပါနဲ့။

သူနဲ့သွားဖူးတဲ့ နေရာတွေကို ရှောင်ပါ။ အခြား ရွေးချယ်စရာတွေ ရှိတာမို့ နေရာသစ်လေးတွေကို စဉ်းစားကြည့်ပါ။

၈။ သင့်ရဲ့ အားနည်းချက်တွေကို ပြင်ပါ။

သူက ကိုယ့်ကို ဘယ်အချက်ကို မကြိုက်ဘူးလဲ ဆိုတာ သတိရပါ။ ကိုယ့်အတွက် အသုံးတည့်တယ်ဆို ပြုပြင်ပါ။ သူ့အတွက် ပြင်တာလို့ မတွေးဘဲ ကိုယ့်နောင်ရေးအတွက် ကိုယ်ပြင်တယ်လို့ ယူဆပါ။ ဒါက သင်နဲ့ လက်တွဲမဲ့ နောက်လူအတွက်ရော သင့်အတွက်ရော အကျိုးရှိပါတယ်။

၉။ ရုပ်ရှင်ကားတွေကြည့်ပြီး စိတ်ကူးမယဉ်ပါနဲ့။

အချစ်ဇာတ်လမ်းတွေထဲကအတိုင်း အပြင်မှာ ရှိနိုင်မယ် မထင်ပါနဲ့။ သူတို့က စိတ်ကူးယဉ် ဖန်တီးထားတာမို့့ မိမိကိုယ်ကို ရင့်ကျက်အောင် ကြိုးစားပါ။ ကိုယ့်အချစ်ရေးကလည်း ဒီရုပ်ရှင်နဲ့ မတူဘူး/ တူတယ် မဝေဖန်ပါနဲ့။ အချစ်ဆိုတာ ဘဝ တစ်ခု မဟုတ်လို့ပါ။

၁၀။ ဆက်သွယ်လို့ရနိုင်မဲ့ နည်းလမ်းအားလုံး ဖျက်ပစ်ပါ။

ဖုန်းနံပါတ်တွေရော၊ Message တွေ၊ ဓါတ်ပုံတွေ၊ Note တွေနဲ့ သူနဲ့ ပတ်သက်ပြီး password ထားတာရင် ဖျက်ပစ်လိုက်ပါ။ လုံးဝ မဆက်သွယ်မိပါစေနဲ့။ ကိုယ့်ဘက်က ပြတ်သားဖို့ ကြိုးစားနေရင် ဒါတွေအားလုံး အရင်ဆုံးပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် ဓါတ်ပုံတွေကို ဖျက်ပစ်ဖို့ မနှမြောပါနဲ့။ သင့်အတွက် ဘာအကျိုးမှ မရှိလို့ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။