အနုပညာလောကထဲမှာ အလွမ်းသင့်ပန်းချီ သီချင်းလေးနဲ့စပြီး ပရိသတ်ချစ်ခင်အားပေးမှုရရှိလာတဲ့ ရတနာမိုင် ဟာ အချစ်သီချင်းချိုချိုလေးတွေနဲ့ နာမည်ကြီးသူဖြစ်ပါတယ်။

၀ါရင့်အဆိုတော် မိုင်ရဲ့ သမီးလေးဖြစ်တဲ့ ရတနာမိုင် ဟာ ဇွန်လ(၂၉)ရက်နေ့က သဘာဝတရားရိပ်သာခွဲ နမ့်စန် တိန်းချောင်း သဘာဝရတနာပရဟိတ ဂေဟာ မှာ တတ်စွမ်းသလောက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုင်လေးဟာ ပရဟိတဂေဟာမှာ အသံကုသိုလ်အနေဖြင့် သီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့သလို အလှုငွေထည့်ဝင်လှုဒါန်းခဲ့တာပါ။

သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအတွက် (၇)ရက်သားသမီးများအတွက်ပါရည်မှန်းပြီး နတ်လူသာဓု ခေါ်ဆိုနိုင်ကြပါစေလို့ ရေးသားထားပါတယ်။

မိုင်လေးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။ 

သတင်းအရင်းမြစ် yadanar my fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။