ဟောင်‌‌ကောင်‌လူငယ်‌ကိုကျဉ်‌း‌မြောင်‌းတဲ့ဂိုးကွာခြားချက်‌နဲ့အနိုင်‌ရခဲ့တဲ့မြန်‌မာအသင်‌း


ဒီ‌နေ့ပ‌ွဲမှာ မြန်‌မာလူငယ်‌‌အသင်‌းဟာ‌ဟောင်‌‌ကောင်‌လူငယ်‌ကို

အလွယ်‌တကူအနိုင်‌ရမယ်‌လို့ထင်‌ခဲ့ကြ‌ပေမယ်‌့ တကယ်‌တမ်‌းကျရုန်‌းကန်‌ခဲ့ရပါတယ်‌။ ‌ဟောင်‌‌ကောင်‌အသင်‌းက‌တော့အရင်‌ပွဲနဲ့မတူတဲ့‌ခြေစွမ်‌းကို

ထုတ်‌ပြပြီးမြန်‌မာအသင်‌းကိုအခက်‌‌တွေ့‌စေခဲ့ပါတယ်‌။

‌သန်‌းပိုင်‌‌နေရာမှာရန်‌ပိုင်‌စိုး၊လှိုင်‌းဘိုဘို‌နေရာမှာရဲရင်‌့ထွန်‌းတို့

‌ပြောင်‌းလဲထည်‌့သွင်‌းခဲ့ပါတယ်‌။ရန်‌နိုင်‌ဦး ရဲရင်‌့ထွန်‌းတို့ရဲ့ကွင်‌းလယ်‌ဟာဒီ‌နေ့ပွဲမှာတစ်‌ဖက်‌အသင်‌းကိုအသာစီးရယူနုုိင်‌ခဲ့ခြငး်‌မရှိပါဘူး။‌ရှေ့မှာကစားတဲ့‌မောင်‌‌မောင်‌လွင်‌၊‌အောင်‌သူအတွဲကလည်‌း

နားလည်‌မှု‌တွေလွဲ‌နေတာ‌ကြောင်‌့မြန်‌မာအသင်‌းဟာပထမပိုင်‌းတစ်‌ပိုင်‌းလုံးဂိုးရဖို့ရုန်‌းကန်‌ခဲ့ရပါတယ်‌။


ဒုတိယပိုင်‌းမှာ‌တော့ 

နည်‌းပြကြီးဂတ်‌ရဲ့နည်‌းစနစ်‌အ‌ပြောင်‌းအလဲ‌တွေကို‌တွေ့မြင်‌ခဲ့ရပြီးမြန်‌မာအသင်‌းအတွက်‌ပထမဂိုးကို‌မောင်‌‌မောင်‌လွင်‌က ၅ဝမိနစ်‌မှာသွင်‌းယူ‌ပေးခဲ့ပါတယ်‌။‌ခြေစွမ်‌းမပြနိုင်‌တဲ့ရဲရင်‌့ထွန်‌း‌နေရာမှာ‌မောင်‌‌မောင်‌စိုးဝင်‌လာပြီး

‌ရှေ့မှာ‌အောင်‌သူနဲ့ချိတ်‌ကစား‌စေခဲ့ပါတယ်‌။‌မောင်‌‌မောင်‌လွင်‌က‌တော့‌တောင်‌ပံကိုထွက်‌‌ဆော့ပြီး

စည်‌သူ‌အောင်‌ကိုအလယ်‌ဝင်‌‌ဆော့‌စေခဲ့ပါတယ်‌။

နည်‌းပြကြီးဂတ်‌ရဲ့နည်‌းစနစ်‌ပိုင်‌းအ‌ပြောင်‌းအလဲဟာအလုပ်‌ဖြစ်‌ခဲ့ပြီး မိနစ်‌၆ဝမှာ‌အောင်‌သူဒုတိယဂိုးသွင်‌းနိုင်‌ခဲ့ပါတယ်‌။ဒါ‌ပေမယ်‌့ သိပ်‌မကြာခင်‌မှာပဲ‌ဟောင်‌‌ကောင်‌က ‌ချေပဂိုးတစ်‌ဂိုးပြန်‌‌သွင်‌းသွားခဲ့ပါတယ်‌။‌နောက်‌ပိုင်‌းအချိန်‌‌တွေမှာ‌တော့မြန်‌မာအသင်‌းကကစားအားချလိုက်‌ပြီး ရရှိထားတဲ့အနိုင်‌ဂိုးပြန်‌မ‌ပေးရ‌အောင်‌ထိန်‌း‌ဆော့သွားခဲ့ပါတယ်‌။

Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။