မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းအနုပညာရှင်တွေဖြစ်သလို ပရိသတ်အချစ်တော်တွေလည်းဂဖြစ်တဲ့ လူမင်း ခန့်စည်သူ ခိုင်သင်းကြည် အူဝဲတို့ကတော့ ကြီးလေးကြီးဇာတ်ကားကို နယ်ဘက်က ရွာတစ်ရွာမှာ သွားရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ အုပ်ကြီးအဖြစ် လူမင်း လူပျိုကြီးအဖြစ် ခန့်စည်သူ အာကြီးအဖြစ် မခိုင်လေးနဲ့ အပျိုကြီးအဖြစ် အူဝဲတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပရိသတ်တွေကတော့ ချစ်ရတဲ့ အနုပညာရှင်တွေကို တစ်ကားထဲမှာ စုံစုံလင်လင်တွေ့ရတဲ့အတွက် ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဒီဇာတ်ကားရိုက်ကူးနေရင် အူဝဲနဲ့ မခိုင်လေးတို့လွှင့်တဲ့ live လေးကတော့ ပရိသတ်တွေကြား ချစ်စရာကောင်းနေပြီး အားလုံးတူတူလွှင့်ခဲ့တဲ့ live လေးကတော့ တကယ်ကိုပျော်ရွှင်ကြည်နူးစရာ ကောင်းလှပါတယ်။

အခုဆိုရင်တော့ ရိုက်ကူးရေးပြီးဆုံးပြီး အူဝဲကတော့ ပြန်လာပြီလို့ သိရပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကားတစ်လျှောက် တကယ်ကိုပျော်ရွှင်ပြီး အမှတ်တရဖြစ်ခဲ့ရကြောင်းကို သူမရဲ့ facebook ကနေ ယခုလို တင်ထားပါတယ်။

"ဒီနေ ့မနက်ပိုင်းမှာပဲ"ကြီးလေးကြီး"ကားရိုက်ကူးရေးပြီးဆုံးသွားပါပြီ...နေ ့လည်ပိုင်းမှာအန်ကယ်လေးတို ့ဇနီးမောင်နှံ,ကိုခန် ့,မခိုင်လေးတို ့နဲ ့ပုဂံဘုရားသွားဖူးကြတယ်...ပြီးတော့အူဝဲကိုလေဆိပ်ပို ့ပေးခဲ့ကြတယ်............

ကျေးဇူးတင်ပါတယ် မိုင်အကိုနှစ်ယောက်အမတစ်ယောက်ညီမလေးတစ်ယောက်?❤️..........

ကျွန်မပြန်လာခဲ့ပါပြီ......

အချစ်ကလေးတွေရှိတဲ့နေရာကို......???

ဒီခရီးစဉ်လေးဟာကျွန်မအတွက်တော့စည်းလုံးမှုတွေ,ပျော်ရွှင်မှုတွေရခဲ့တဲ့ခရီးစဉ်လေးပါ......

ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် သွားအတူ လာအတူ စားအတူ စိတ်တူကိုယ်တူရှိခဲ့ကြတယ်.....ကျွန်မသိပ်ပျော်ပါတယ်.......

ကျွန်မတို ့လောကသားတွေ ဘယ်သူမဆို ဘယ်အချိန်မဆို တစ်ယောက်နဲ ့တစ်ယောက် ရင်ထဲမှာမေတ္တာတရားလေးတွေနဲ ့ရိုးရှင်းစွာဆက်ဆံနိုင်ကြရင်ဘယ်လောက်များကောင်းလိုက်မလဲလို ့ကျွန်မတွေးရင်း.........??"

Source: Pyay Ti Oo and Eaindra Kyaw Zin Family

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။