ထူးခြားတဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုရမှာပါ။ ဆဲလ်ဖီးနှစ်သက်သူတွေအတွက် Selfie ဘုရင်လို့တောင်တင်စားထားတဲ့ စမတ်ဖုန်းတစ်လုံးပါ။နောက်ဘက် ကင်မရာတွေမှာ Dual ကင်မရာ စနစ်တွေ အသုံးပြုလာချိန်မှာ OPPOက ဒီဖုန်းမှာတော့ ရှေ့ကင်မရာအတွက် Selfie Expert ဆိုပြီးတော့ ရှေ့ကင်မရာ ၂ လုံးပါ ဝင်လာတဲ့အတွက် Selfie ကောင်းမွန်မှုက သူ့ရဲ့ အားသာချက် တစ်ခုဖြစ်တဲ့အပြင် နောက်ဘက် ကင်မရာကလည်း Megapixels မြင့်မားတဲ့ ကင်မရာပါပဲ။ Ram ပမဏ များပြားခြင်းနဲ့အတူ မမ်မိုရီအပိုင်းမြင့်မားကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားခြင်းနဲ့ ပုံစံဒီဇိုင်းလှပ ခြင်းတွေကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ပဲ ဆိုရမှာပါ။

CPU, GPU နဲ့ ဖုန်းအားသွင်းခြင်း အပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ဖုန်းမျက်နှာ ပြင်ကြီးမားခြင်းက အင်တာနက်သုံးတဲ့အခါမျိုးမှာစိတ်ကြိုက်မြင်ကွင်းကျယ်ဖြစ်နေသလိုဂိမ်းကစားတဲ့အခါ၊ရုပ်ရှင်ဂီတကြည့်တဲ့အခါတွေမှာလည်းများစွာအဆင်ပြေလှပါတယ်။ပုံစံဒီဇိုင်း လှပတယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ 

ဖုန်းကိုယ်ထည် ကအနက်ရောင်ဆိုတော့ နန်းဆန်လှတာပေါ့။ လက်ဗွေဖတ်စနစ်ကို ထိတွေ့မှုငြင်သာအောင် ထည့်သွင်းထောက်ပံ့ ပေးထားပါတယ်။နာနိုဆင်းကတ်နှစ်ကတ်သုံးပါ။ရှေ့ကင်မရာအလေးပေးထားလို့များစွာနှစ်လိုဖွယ်ကောင်းတဲ့ပုံအလှတွေရိုက်နိုင်ပါတယ်။အလျင်အမြန် အားသွင်းစနစ်လည်းထောက်ပံ့ပေးထားပါတယ်။

Oppo F3 (Black Edition) Specifications

Display Size 5.5 inches

Resolution 1080 x 1920 pixels

Network GSM – 2G/ 3G/ 4G

SIM Dual SIM

OS Android OS, v6.0.1

CPU Octa-core 1.5 GHz Cortex-A53

Memory Internal 64GB, 4GB RAM, Micro SD 128GB

Main Camera 13 MP, f/2.2, phase detection autofocus, LED flash,

Front Camera Dual 16 MP (1/3.1" sensor size, f/2.0) + 8 MP, f/2.4

WLAN Wi-Fi 802.11 a/b/g/n, WiFi Direct, hotspot

Bluetooth 4.1, A2DP, LE

Battery Li-Ion 3200 mAh Battery

Aung

သတင်းအရင်းမြစ် GSM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။