စိုးပြည့်သဇင်ပြောတဲ့ သူမရဲ ့အချစ်ရေး

ပရိသတ်ကြီးရေ မင်းသမီးချောလေးစိုးပြည့်က သူမအနေနဲ ့အခုချိန်ထိ ရည်းစားမထားဘူးသေးဘဲ အကြောင်းကတော့

သူမဟာ အနေအေးပြီး ပူပင်ရမှာကို ကြောက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို ့

7Day Daily ရဲ ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ စိုးပြည့်က ဘယ်အကြောင်းအရာကိုအဆို မိဘကို တိုင်ပင်ပြီးမှ ပြုလုပ်တတ်ပြီး မိဘကလည်း သူမကို

စိတ်ချတယ်လို ့ဆိုပါတယ်။

အချစ်ရေးနဲ ့ပတ်သက်ပြီး ကံတရားအတိုင်းပါပဲလို ့ဆိုတဲ့ စိုးပြည့်က အခုလိုပဲ ပြောပြထားပါတယ်။

“အချစ်ရေးက ဘာမှ မရှိပါဘူး။ တစ်ယောက်တည်းပါပဲ။ ရည်းစားလည်း မထားပါဘူးရှင့်။ စိုးပြည့်ကြိုလည်း မစဉ်းစားဘူး။ ဖူးစာပါရင် ကြုံရမှာပဲ။ အချစ်ရေးကို သက်သက်ကြီး စဉ်းစားဖို ့လည်း စိုးပြည့်စိတ်ကူးထဲမှာ မရှိဘူး။ ဘယ်အရာကိုမှလည်း စိုးပြည့်ကြိုမပြောတတ်ဘူး။ ဘယ်လို လူမျိုးကို စိတ်ကူးထားတယ်ဆိုတာလည်းမရှိဘူး။ ကံတရားအတိုင်းပါပဲ ” လို ့ပြောပါတယ်။

စိုးပြည့်ဟာ လက်ရှိမှာတော့ ဗွီဒီယိုဇာတ်ကား ၃၀၀ ကျော်၊ ရုပ်ရှင်ဇာတ်ကား ၃၀ နဲ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ၂ ခွေထွက်ရှိထားပြီး

တတိယမြောက်တစ်ကိုယ်တော် တေးအယ်လ်ဘမ်အတွက်် သီချင်းစုနေကာ MTV ပါတစ်ခါတည်း ထွက်မှာဖြစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ ့စိုးပြည့်ဟာ သရုပ်ဆောင်နေတိုးနဲ ့" ပြသနာ" ဆိုတဲ့ အိမ်ထောင်ရေးဟာသကားကြီးရိုက်ကူးထားပြီး ၄ ရက်နေ ့မှာတော့ ကိုသားငယ်နဲ ့အတူ "ဆိုက်ကိုမွန်း" ဆိုတဲ့ ဗွီဒီယိုကားလေး ရိုက်ကူးသွားမှာဖြစ်တယ်လို ့လည်း သိရှိရပါတယ်။ 

သတင်းအရင်းမြစ် 7daydaily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။