အရင်ခေတ်တခါတုန်းက ပရိသတ်တွေရဲ့ အသဲ နှလုံးကို ဖမ်းယူနိုင်ခဲ့တဲ့ ခင်စိုးပိုင်ဟာ ရုပ်ရှင် ဖန်သားပြင်ပေါ်မှ ခေတ္တရပ်နားခဲ့ပါတယ်။ သူမ နားခဲ့ရတဲ့ အကြောင်းအရင်းက တော့ ကားaccident အကြီးအကျယ်ဖြစ်သွားခဲ့တဲ့ အတွက်ဆေးကုသမှု ခံယူနေခဲ့ရလို့ ဖြစ်ပါတယ်။ ကားတိုက်စဉ်က ပေနှစ်ဆယ် အကွာကို မျက်လုံးတစ်လုံးက လွင့်ထွက်သွားခဲ့တော့ အန်တီပိုင်က တော့ မသေတာကံကောင်းတယ်လို့ interview မှာပြောသွားခဲ့ပါတယ်။

ထို့ကြောင့် သူမ အနေနှင့် အမြင်အာရုံက တစ်ဖက်တည်း ရှိခဲ့ပြီး ကျန်တစ်ဖက်ကတော့ ခွဲစိတ်ထားတဲ့ အတွက် မရှိ ခဲ့ပါဘူး။ တစ်ခါတစ်လေ တော့ အားမလိုအားမရတွေ ဖြစ်ခဲ့ပေမယ့် သူမ စိတ်ဓာတ်မကျခဲ့ပါဘူး၊ ဒါဟာ သူမ အရင်ဘဝတုန်းက တစ်ခုခု လုပ်ခဲ့လို့ ကိုယ်ပြန်ခံရတာပေါ့ ဆိုပြီး ပြုံးရွှင်စွာ ပြောသွားတဲ့ မင်းသမီး ခင်စိုးပိုင်ဟာ ဂုဏ်ယူအားကျစရာဖြစ်ပါတယ်။ သူမဟာ ဆေးရုံ မှာ သတိရရခြင်း ဟိုဘက်ကားက ကလေးဘာဖြစ်သွားလဲ ဆိုပြီးတောင်မေးခဲ့တာပါ တကယ်ကို ဘာစိတ်မှ မထားခဲ့ပါဘူးဆိုပြီးလည်းဖြေကြားခဲ့ပါတယ်။

သူမ အနေနှင့် ရုပ်ရှင်ရိုက်တဲ့ နေရာမှာ မျက်လုံးက အဓိက ဆိုတာနားလည်းကြောင်း အန်တီပိုင်မျက်လုံးတစ်လုံးတစ်လုံးတည်းနှင့် အကောင်းဆုံး သရုပ်ဆောင်မည်ဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ သူမဟာ ကားရိုက်တွေ သိသိသာသာ နည်းသွားတဲ့ အတွက် ကားမရိုက်ရတဲ့ ရက်တွေ ဆို သားနှစ်ယောက်ဆီ က လက်ဖြန့်တောင်းရတာပေါ့ သားတွေ က လိမ္မာပါတယ်လေ ဆိုပြီး မျက်ရည်တွေဝဲကာပြောသွားခဲ့ပါတယ်။

သူမဟာ နားတဲ့ အချိန်ကာလ လည်း ကြာမြင့်သွားတဲ့ အတွက် ကြောင့် ကားရိုက်မခေါ်ကြတာဖြစ်နိုင်ပြီး တချို့ကြတော့လည်း အန်တီပိုင်ချို့ယွင်းချက်ကြောင့် မခေါ်ကြတာ ဖြစ်မှာပေါ့ တချို့ကလည်း အန်တီ ကားမရိုက်ဘူးထင်လို့လေ အန်တီကတော့ အကုန်နားလည်ပါတယ် ဆိုပြီးပြောသွာပါတယ်။ အန်တီပိုင်အားမလျော့ပါဘူး အန်တီပိုင်ဇာတ်ကားတွေပြန်ရိုက်နေပါပြီ ဆိုပြီး ပြုံးရယ်စွာပြောခဲ့ပါတယ်။ ပရိသတ်တို့လည်း မင်းသမီး ခင်စိုးပိုင်ကိုဂရုဏာသက်မိရင်အားပေးစကားလေးပြောခဲ့ပါနော်။

Source : Myanmarcelebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။