အေးချမ်းတဲ့အပြုံးလေးတွေနဲ့ မြင်သူတိုင်းရင်အေးစေမယ့် အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောရတနာပဲ ဖြစ်ပါတယ် ။ ဖြူဝင်းကြည်လင်တဲ့အသားအရေပိုင်ရှင်လေး ချောရတနာက ယနေ့အချိန်အထိတိုင်အောင် လူငယ်တစ်ယောက်လို ငယ်ရွယ်နုပျိုနေတာလည်း ဖြစ်ပါတယ် ။အထူးသဖြင့် ချောရတနာက ကလေးနှစ်ယောက်မွေးဖွားထားတဲ့မိခင်လို့ မထင်မှတ်ရလောက်အောင်ကို တစ်သားမွေးတစ်သွေးလှနေသူလေး ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

လက်ရှိအချိန်မှာ ချောရတနာက မိသားစုကိုပြုစုစောင့်ရှောက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေတာကြောင့် အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ချောရတနာက သူမကိုအားပေးတဲ့ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပုံလေးတွေနဲ့ဗီဒီယိုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ချောရတနာက ချစ်စရာကောင်းတဲ့ သားနဲ့သမီးရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ဒီဗီဒီယိုလေးမှာ ချောရတနာရဲ့သမီးငယ်လေး Co Co က ဂီတာတီးပြီးဆော့ကစားနေသလို သားလေးကောင်းသုတကလည်း ညီမလေးကိုပွေ့ဖက်ထားတာ ဖြစ်ပါတယ် ။ မေမေချောရတနာကတော့ သားနဲ့သမီးရဲ့ကြည်နူးစရာမြင်ကွင်းလေးကို ဗီဒီယိုရိုက်ပြီး ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချောရတနာရဲ့သားနဲ့သမီးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Chaw Yadanar's FB Acc

Photo Credit-Chaw Yadanar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။