မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့သူပါနော်။နေခြည်ဦးကို သူမရဲ့ချစ်ပရိသတ်တွေက "ချီချီ"လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး အမြဲအားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:beautybynaychi's Facebook page/Bling Bling Photography
Photo Credit:beautybynaychi's Facebook page

ချီချီကလည်း သွက်လက်ပွင့်လင်းပြီး ရိုးသားတာကြောင့် သူမရဲ့နေထိုင်ပုံလေး‌တွေကိုလည်း Social Mediaမှာ အမြဲမျှဝေနေကျဖြစ်ပါတယ်။အလှအပရေးရာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း သူမရဲ့ပရိသတ်တွေအတွက် အမြဲပြောပြနေတာပါနော်။နေခြည်ဦးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ ပရိသတ်တွေ အားပေးလက်ခံလာအောင် ကြိုးစားနိုင်တဲ့သူလေးပဲဖြစ်ပါတယ်။

Photo Credit:beautybynaychi's Facebook page
Photo Credit:beautybynaychi's Facebook page

နေခြည်က မင်းသမီးတစ်ယောက်လည်းဖြစ်လာတာကြောင့် အလှအပတွေကိုလည်း အထူးဂရုစိုက်လာပါတယ်နော်။သူမရဲ့ခန္ဓာကိုယ်လေး သွယ်လျလှပပြီး ကျန်းမာကြံ့ခိုင်နေအောင်လည်း လေ့ကျင့်ခန်းကို မနက်တိုင်းလုပ်ဆောင်ပါတယ်။အခုဆိုရင်လည်း အိမ်မှာပဲ ချွေးသံတရွှဲရွှဲနဲ့ အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည့်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:beautybynaychi's Facebook page
Photo Credit:beautybynaychi's Facebook page

Photo Credit:beautybynaychi's Facebook page

Source& Video Credit:beautybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။