ကချင်တိုင်းရင်းသူလေး မော်ဒယ် အွန်ဆိုင်းကတော့ MMA ပွဲကို သွားပြီး ကိုယ်တိုင်ကိုယ်ကျ အားပါးတရ အားပေးခဲ့တယ်လို့ သိရပါတယ်။

နာမည်ကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ အွန်ဆိုင်း ဟာ MMA ပွဲမှာ အောင်လအန်ဆန် ကို သွားရောက်အားပေးခဲ့တာလို့ ဆိုပါတယ်။

ကချင်လူမျိုးအချင်းချင်း ချစ်ခင်လေးစားစိတ်နဲ့ အားပေးခဲ့သလို အခြားသောအနုပညာရှင်များစွာလည်း သွားရောက်အားပေးခဲ့ကြတာပါ။

မနေ့ညကပွဲကတော့ ရုရှားနိုင်ငံသား နဲ့ အကျိတ်အနယ် ယှဉ်ပြိုင်တဲ့ပွဲဖြစ်ပြီး နောက်ဆုးအချီမှာတော့ အောင်လက Champion ဆုနဲ့အတူ မြန်မာလူမျိုးတွေအတွက် အပြတ်သပ် အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာ အွန်ဆိုင်း လည်း ပျော်ရွှင်ပီတိဖြစ်ခဲ့သလို အောင်လ နဲ့အတူ အမှတ်တတရ ဓာတ်ပုံလေးတွေရိုက်ဖြစ်ခဲ့ပါတယ်။  

သတင်းအရင်းမြစ် Awn Seng fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။