ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုတွေရရှိလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများလာခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဖြူဖြူထွေးက ကြော်ငြာတွေ မနားတမ်းရိုက်ကူးနေရပြီး အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရရှိအောင် ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)

ဒါ့အပြင် စိတ်သဘောထားပြည့်ဝတဲ့ ဖြူဖြူထွေးက မကြာခဏဆိုသလို အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်။ ဖြူဖြူထွေးက သူမကိုယ်တိုင်လည်း အမြဲတမ်းပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုပါ ပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေ ဖန်တီးတင်ဆက်ပေးလေ့ရှိတာ တွေ့ရပါတယ်။ ယခုမှာတော့ ဖြူဖြူထွေးက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် သူမရဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေးက ဆန်သစ်တဲ့ အပြာရောင်ဂါဝန်လေးကို ဝတ်ပြီး အသည်းယားစရာ အမူအရာလေးတွေ နဲ့ ပရိသတ်တွေချစ်အားပိုအောင် ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံလေးကလည်း သူမနဲ့ လိုက်ဖက်နေပြီး ဘာဘီရုပ်လေးလို့တောင် ထင်မှားရလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တမူထူးခြားတဲ့ ဂါဝန်လေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေး ရဲ့ ပုံလေးတွေကို ပြန်လည်းကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)

Photo Credit - Amazing Grace (photography)

Source - Phyu Phyu Htwe fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။