ပရိသတ်ကြီးရေ.. ယွန်းယွန်းဆိုလိုက်တာနဲ့ ငယ်စဉ်ကတည်းက သရုပ်ဆောင်ကောင်းမှုတွေများစွာ ပရိသတ်တွေအချစ်တွေကို သိမ်းပိုက်ထားတဲ့သူလေးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

သရုပ်ဆောင်ကောင်းသလို ချောမောပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဖမ်းစားတတ်သူလေး ယွန်းယွန်းဟာ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှတရားလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

Photo Credit - Ma Hsu Myat Noe
Photo Credit - Yoon Yoon's Fb Account

ပရိသတ်အချစ်တော်လေး ယွန်းယွန်းဟာ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း ရန်ကုန်ဆေးရုံကြီးမှာ လှူဒါန်းမှုတွေ သွားရောက်ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနအတွက် အလှူငွေနဲ့ အလှူပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကြည်နူးစရာ အလှူအမှတ်တရလေးတွေကိုလည်း ယွန်းယွန်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်..။

Photo Credit - Yoon Yoon's Fb Account
Photo Credit - Yoon Yoon's Fb Account

"မနေ့က အရေးပါ်ဌာနမှာ yoonတို့လှူဖို့သွားတော့

ဖုန်းကြိုမဆက်ထားလိုက်ဖြစ်ဘူး.. ရောက်မှဆက်လိုက်တော့ လက်ထောက်ကထိက ကိုယ်တိုင်ထွက်ပြီး အလှူငွေနဲ့ အလှူပစ္စည်းတွေကို လက်ခံပေးတယ်.. ပြီးတော့ နောက်တစ်ခေါက်ပြန်ဝင်သွားပြီး ဂုဏ်ပြုလက်မှတ်ပါပြန်ရေးလာပေးတယ်.. အားလုံးပေါင်းမှ ၅မိနစ်လောက်ပဲရှိမယ်ထင်တယ်!!

ဆေးရုံရှေ့တင် ဒီလိုလှူဖူးတာ ပထမဆုံးမို့ အမှတ်တရလေးပါပဲ..

Heartfelt thanks to

Dr Htun Aung Kyaw.. " ဆိုပြီး ပြောပြရင်း ဝေမျှထားတာပါ..။

သူမရဲ့ ကြည်နူးစရာအလှူပုံရိပ်လေးတွေနဲ့ အလှူအမှတ်တရလေးကိုလည်း ပရိသတ်တွေ သဘောကျ နေကြမှာမို့ ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Yoon Yoon's Fb Account
Photo Credit - Yoon Yoon's Fb Account

Source & Photo Credit - Yoon Yoon's Fb Account & Ma Hsu Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။