ပရိသတ်ကြီးရေ.......မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ Miss Internationalတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိပြီး အောင်မြင်လာခဲ့သူလေးဖြစ်ပါတယ်။ သွယ်လျလှပတဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်တဲ့သူလေးတစ်ယောက်ပါနော်။ နန်းခင်ဟာ ရုပ်ရှင်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတဲ့သူလေးဖြစ်ပြီး အောင်မြင်မှုရရှိထားတဲ့မင်းသမီးတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် အချက်အပြုတ်ပိုင်းမှာလည်း ထူးချွန်တာကြောင့် ကိုယ်တိုင်လည်း မာလာရှမ်းကောချက်ပြီး ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်နန်းခင်ဟာ အားကစားလုပ်တဲ့နေရာမှာလည်း အပြင်းအထန် workoutတွေလုပ်လေ့ရှိပြီး ကျန်းမာရေးလိုက်စားတဲ့ သူလေးပါနော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

အားကစားလုပ်ရတာ သဘောကျတဲ့နန်းခင်ဟာ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "အားကစားလုပ်ပြီလေ.." ဆိုတဲ့ captionလေးနဲ့ စက်ဘီးစီးနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ နန်းခင်တစ်ယောက်ကတော့ အားကစားလုပ်နေတာတောင် ဖက်ရှင်ကျကျလေးနဲ့ လှနေတာပါနော်။ ကဲ......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

Source & Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။