Adeleရဲ့world tourနောက်ဆုံး၂ပွဲကိုကျန်းမာရေးကြောင့်ဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်

ဗြိတိန် နိုင်ငံကျော်အဆိုတော် Adeleဟာ vocal cordများပျက်စီးသွားလို့ ဆရာဝန်ရဲ့အကြံပြုချက်အရ ဒီပွဲ၂ပွဲကိုဖျက်သိမ်းရကြောင်း စိတ်ပျက်ဝမ်းနည်းစွာပြောခဲ့ပါတယ် ဒါဟာသူ့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး ၂၀၁၁ခုနှစ်ကလည်းလည်ချောင်းခွဲစိတ်ပြီး ကုသခံရပါသေးတယ်

လန်ဒန်မြို့ဝင်ဘာလေကွင်း ကြီးထဲ ဒီစနေ တနဂ်နွေမှာပြုလုပ်မယ့် ပွဲ၂ပွဲဟာ Adeleရဲ့ပထမဆုံးshowဖြစိပီး သူ့ဘဝအတွက်အကောင်းဆုံး အကြီးကျယ်ဖြစ်ဖို့ကြိုးစားခဲ့ပေမယ့် သူရဲ့အသံပိုင်းဆိုင်ရာကျန်းမာရေးအခြေနေကြောင့် ဖျက်သိမ်းရတာပါလို့၂၉နှစ်အရွယ်ရှိ လန်ဒန်ဖွား Adeleကပြောပါတယ်

ပရိသတ်တွေ စိတ်ပျက်ခဲ့ရတဲ့အတွက် သူအရမ်းဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရကြောင်း သူဘက်ကနေတောင်းပန်ပါကြောင်း ဒီဆုံးဖြတ်ချက်ကို အလွယ်တကူချခဲ့တာမဟုတ်ကြောင်း သူမရဲ့twitterမျက်ကနေတဆင့် တောင်းပန်ထားပါတယ် မကြာမီအချိန်အတွင်း နောက်ပွဲအစီစဉ်ကိုကြေငြာပေးသွားမှာဖြစ်ြ ပီး အဆင်မပြေပါက ငွေများပြန်အမ်းပေးသွားမှာဖြစ်ပါတယ် Adeleသူရဲ့world tourကိုမနှစ်က march လမှာBelfastမှာ စခဲ့ပြီး UK မှာပထမဆုံးနဲ့ နောက်ဆုံး၂ပွဲဖျော်ြေ အဆုံးသတ်ဖို့စီစဉ်ထားတာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။