မကြီးစိုးလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် စိုးမြတ်သူဇာ ကတော့ မကြာသေးမီလပိုင်းက ကိုရီးယားနိုင်ငံမှာ ရန်အောင်တို့နဲ့အတူ မျက်နှာခွဲစိပ်ပြုပြင်မှုအနည်းငယ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၀ါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုးမြတ်သူဇာဟာ သူမရဲ့ အသံအမူအယာတွေဟာ ဇာတ်ကားတိုင်းမှာ လွှမ်းမိုးမှုရှိပြီး ပရိသတ်တွေသဘောကျတဲ့ ဇာတ်ရုပ်မျိုးပိုင်ဆိုင်ထားတာပါ။

မကြီးစိုးဟာ ပြီးခဲ့တဲ့လက ကိုရီးယားနိုင်ငံမှာ V Shape ပုံစံ သူမရဲ့မျက်နှာကိုခွဲစိပ်မှုလုပ်ခဲ့ပြီး အဆီပို (၆၆၀၀)CC ထုတ်ခဲ့တဲ့အကြောင်း Sunday Journal ကို အခုလို ရှင်းပြခဲ့ပါတယ်။

''ခွဲစိတ်ပြုပြင်ပြီးတဲ့နောက် ဆရာဝန်တွေက နှစ်လလောက် နားခိုင်းခဲ့ပေမယ့် ကျွန်မကတော့ နှစ်ပတ်လောက်ပဲနားပြီး အလုပ်တွေလုပ်ခဲ့တယ်။ ခွဲစိတ်တဲ့အချိန်ထုံဆေးနဲ့မို့လားတော့မသိဘူးနာကျင်မှုဆိုတာမျိုးတော့မရှိပါဘူး။ ခွဲစိတ်ပြီးတဲ့အချိန်မှာတော့ လည်ချောင်းနည်းနည်းနာတယ်။ ခုပါးတစ်ဖက်နည်းနည်းနာတယ်။ ဒီလောက်ပါပဲ။ ခုလိုခွဲစိတ်ဖို့အတွက်ကျွန်မကတော့ ့တိုက်တွန်းမှုမရှိသလို ကန့်ကွက်မှုလည်းမရှိပါဘူး။ ကိုယ့်ဆန္ဒပါပဲ။ ဝတဲ့သူတွေလှချင်တဲ့သူတွေ ွအတွက် ဒါကဖြတ်လမ်းနည်းပါပဲ။ တကယ်တော့အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ရင်တော့ လှလာမှာပါ။ "

သတင်းအရင်းမြစ် sunday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။