အွန်လိုင်းကတဆင့် မိမိရဲ့ထင်မြင်ချက်တွေ ယူဆချက်တွေ ထောက်ပြဝေဖန်မှုတွေနဲ့အတူ လူမှုကွန်ယက်သုံးစွဲသူတွေကြားနာမည်ကြီးလာတဲ့ စာရေးဆရာမ ပန်ဆယ်လို ကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်ကြပါတယ်။ ပန်ဆယ်လိုဟာ နာမည်ကြီးအနုပညာရှင်စုံတွဲဖြစ်သလို သူမအကိုလိုခင်ရတဲ့ အဆိုတော် လင်းလင်းတို့ဆီ သွားလည်ခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ယက်သတင်းများအရ သိရပါတယ်။

သူမရဲ့ လူမှုစာမျက်နှာမှာတော့ ယခုလိုရေးသားပြီး တင်ထားတာတွေ့ရပါတယ်။

"မမချစ်သုဝေအမွှာလေးတွေကို အရမ်းအသဲယားနေတာကြာပြီ။

မွေးကတည်းက သွားမယ် သွားမယ်နဲ့

ခေတ်တို့သစ်တို့ ခြောက်လပြည့်ခါနီးပဲ

သွားဖြစ်တော့တယ်။

လေးစားအားကျရတဲ့ ကိုလင်းလင်းနဲ့

အရမ်းချစ်ဖို့ကောင်းတဲ့ ငယ်ငယ်တည်းက ချစ်ခဲ့အားကျခဲ့ရတဲ့ မမချစ်သုရဲ့ သမီးရတနာလေး နှစ်ယောက်ကို

ချီခွင့်ပွေ့ခွင့် အနီးကပ် အသဲယားခွင့်ရခဲ့တယ်။

ဖိုးဖိုးဦးဇော်ဝင်းနဲ့ အန်တီရဲ့ သိပ်ငြိမ်းချမ်းလှတဲ့

မိသားစုလေးကို စိတ်ထဲတသိမ့်သိမ့်ကို အားကျမိတယ်။

တစ်မိသားစုလုံး အဖိုးကစပြီး မြေးလေးတွေထိ

ချစ်ရတဲ့ အနုပညာမိသားစုလေး

ခေတ်နဲ့ သစ်

သိပ်လိုချင်မိတဲ့ သက်ရှိအရုပ်လေးတွေ

??" ဆိုပြီး တင်ထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ........

Source: ပန် ဆယ် လို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။