ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးတွေထဲမှာ သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကလည်း အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင် မင်းသမီးချောတစ်ဦးပါပဲ..။ ပရိသတ်အားပေးဝန်းမှုတွေ အခိုင်အမာနဲ့ အောင်မြင်နေသလို့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေးဂျက်ဂျက်ကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေကြတာပါ..။

Photo credit - Nann Myat Phyo Thin's FB page

အလိုလိုက်ပြီး ချစ်ခင်ကြင်နာမှုအပြည့်အဝပေးတဲ့ ခင်ပွန်းကြောင့်လည်း နန်းမြတ်ဖြိုးသင်းက အပျော်ကြီးပျော်နေကာ သူမနဲ့တူတဲ့ သားသားလေး ဂျက်ဂျက်ကြောင့်လည်း ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားလို့ ပရိသတ်တွေက အားကျ ချစ်ခင်နေကြတာပါနော်.။ ယနေ့မှာလည်း နန်းမြတ်ဖြိုးသင်းက သူမရဲ့ သားသားလေး ဂျက်ဂျက်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ video လေးကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပါနော်.....။

Photo credit - Nann Myat Phyo Thin's FB page
Photo credit - Nann Myat Phyo Thin's FB page

အသည်းယားစရာကောင်းလွန်းတဲ့ သားသားလေး ဂျက်ဂျက်က စက်ဘီးလေးပေါ်ထိုင်ပြီး ဆူပုပ်ပုပ် မျက်နှာထားလေးနဲ့ ဆော့ကစားနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် အဆိုပါ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ဂျက်ဂျက်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။

Photo credit - Nann Myat Phyo Thin's FB page
Photo credit - Nann Myat Phyo Thin's FB page

Photo credit - Nann Myat Phyo Thin's FB page 

Source & Viedo credit - Nann Myat Phyo Thin's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။