ချစ်ရတဲ့ ပရိသတ်ကြီးရေ... မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အလင်းရောင်ကတော့ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတွေကို ခြွေယူထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

Photo credit - ALINNYUNG'S FB account
Photo credit - ALINNYUNG'S FB account

အလင်းရောင်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာသလို ကြော်ငြာလေးတွေကိုလည်း လက်ခံရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူရဲ့ အမိုက်စားပုံတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူဖြစ်ပြီး ယနေ့မှာတော့ သူငယ်ချင်း ခင်ဝင့်ဝါရဲ့ မွေးနေ့ကို အမှတ်တရပုံလေးတွေနဲ့ ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ 

Photo credit - ALINNYUNG'S FB account
Photo credit - ALINNYUNG'S FB account

အလင်းရောင်က ခင်ဝင့်ဝါနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာခဲ့ပြီး " Happy Birthday သားရီး Khin Wint Wah သားရီးရေ ... နင့်ဆေးပုံ မရှိလို့ ငါ့ဆေးပုံနဲ့ပဲ ဘက်ဒေးဝှစ်လိုက်တယ်နော် ဒီမွေးနေ့ကစလို့ အရမ်းအရမ်းပျော်ရွှင်ပါစေ " ဆိုပြီး ရေးသားတင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - ALINNYUNG'S FB account

Photo credit - ALINNYUNG'S FB account

Source  - ALINNYUNG'S FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။