မင်းသမီးချောသဥ္ဇာနွယ်ဝင်းကတော့ တစ်ချိန် အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူလေးပဲဖြစ်ပါတယ်။
သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမကတော့ မိသားစုကိုလည်း အချိန်ပေးလျက်ရှိနေသလို အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့ပါတယ်။ သူမရဲ့ သားလေးကတော့ ယခုမှာ သူ့ဖေဖေကိုမျက်စိအောက်ကအပျောက်မခံလောက်အောင် ဘေးမှာလိုက်အိပ်ပြီး အရမ်းချစ်နေခဲ့ပါတယ်။
သူမကတော့ "အဖေနဲ့သားအရမ်းချစ်။ သူအိပ်တဲ့နေရာကနေထလာပြီးသူ့အဖေနားကိုလာအိပ်တာ တီဗီကြည့်လည်း အဖေကိုအဖော်ခေါ် ထမင်းစားလည်းအဖေကိုခေါ် ဘာလုပ်လုပ် အဖေကိုအပျောက်မခံတဲ့သားလေး " ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သဥ္ဇာနွယ်ဝင်းတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source -Thinzar Nwe Win's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။