Olympic ဆိုတဲ့ Sporting Events ကြီးဟာဆိုရင် ကမ္ဘာပေါ်မှာ Popular အဖြစ်ဆုံး Sporting Events တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Olympic ထဲမှာပါဝင်တဲ့ ကစားနည်းတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် ကမ္ဘာ့ပေါ်က အားကစားနည်းတွေအကုန်လုံးကို ထည့်သွင်းလို့မရပါဘူး။ အဲ့ဒီလိုထည့်သွင်းလို့မရတဲ့ အားကစားတွေထဲမှာ ကမ္ဘာပေါ်မှာ လူကြိုက်များ နာမည်ကြီးတဲ့ အားကစားတွေလဲ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ လူကြိုက်များပေမယ့် မပါဝင်တဲ့ အားကစားတွေကို ဖော်ပြလိုက်ပါတယ်။ 

1. Cricket 

Photo Credit : Sky History

British sport တစ်ခုဖြစ်တဲ့ Cricket ကတော့ ကမ္ဘာပေါ်မှာ ကြည့်ရှူအားပေးသူ 2.5 billion ကျော်ရှိပြီး ဒုတိယလူအကြည့်အများဆုံး အားကစားတစ်ခုဖြစ်ပါတယ်။ အဲ့လောက်ထိအောင်မြင်ပေမယ့်လဲ Olympic ထဲမှာမပါဝင်ပါဘူး။ ၁၈၉၆ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Olympic ထဲမှာတော့ပါဝင်ခဲ့ပေမယ့်လဲ နောက်ပိုင်းမှာ ဝင်ရောက်ကစားသူတစ်ဦးမရှိခြင်းကြောင့် ထုတ်ပယ်လိုက်ပါတယ်။  

2. Polo 

Photo Credit : Sky History

လက်ရှိအချိန်မှာ Popular အဖြစ်ဆုံးအားကစားတွေထဲမှာ Polo ဟာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သို့သော်လဲ ၁၉၃၆ခုနှစ်ကတည်းက Polo ဟာ Olympic ရဲ့ အားကစားတွေထဲက တစ်ခုမဟုတ်ခဲ့တော့ပါဘူး။  

3. Darts 

Photo Credit : Sky History

မြှားကို အားမထည့်ပဲပစ်ရသော်လည်း လူအများကတော့ အားကစားတစ်ခုလို့သတ်မှတ်ကြပါတယ်။ Darts ဆိုတဲ့အားကစားကတော့လေးနဲပစ်ရတဲ့မြှားပစ်အားကစားလိုမဟုတ်ပဲ ကိုယ့်အနေနဲ့အများကြီး အားသုံးစရာမလိုပဲ လက်နဲ့ပစ်ရတဲ့ မြှားပစ်အားကစားတစ်ခုဖြစ်ပါတယ်။ Darts ဆိုတဲ့အားကစားကို Olympic ထဲမှာပါဝင်ဖို့ မတူညီတဲ့ Official Dart Organisations တွေဟာ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ Olympic Committee က၂၀၂၄ ဂိမ်းထဲမှာ ထည့်သွင်းလိမ့်မယ့်လို့ ပြောကြားခဲ့ပါတယ်။  

4. Squash  

Photo Credit : Sky History

ကမ္ဘာတဝှမ်းမှာဆိုရင် Squash ကိုကစားတဲ့သူပေါင်း ၁၇သန်း နီးပါးရှိပါတယ်။ Squash ကို Olympic ထဲထည့်သွင်းဖို့လုပ်ခဲ့ကြပေမယ့် နပန်းအားကစားကိုထည့်လိုက်တာကြောင့် Squash ဟာ Olympic ထဲမပါဝင်ခဲ့ပါဘူး။ ၂၀၂၄ခုနှစ်မှာ ပြုလုပ်ကျင်းပမယ့် Olympic ထဲမှာလဲ Squash ကို ထည့်သွင်းနိုင်ဖို့ သူတို့တွေအနေနဲ့ ထပ်မံပြုလုပ်အုန်းမှာပါပဲ။  

5. Bowling 

Photo Credit : Sky History

ဘိုးလင်းပစ်တဲ့ အားကစားဟာ ရှေးဟောင်းအီဂျစ်တွေကနေ ဆင်းသက်လာတာကို သိရှိပါသလား။ ဘိုးလင်းအားကစားကို Seoul Summer Games မှာ Olympic အတွက် သရုပ်ပြကစားခဲ့သော်လည်း နိုင်ငံပေါင်း ၂၀ သာပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဒီအားကစားနဲ့ပတ်သတ်လို့ Olympic မှာ ဘယ်သတင်းမှာထွက်မရှိလာသေးပါဘူး။  

သတင်းအရင်းမြစ် Sky History

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။