Photo credit - LGD Gaming facebook page

Somnus (Maybe ) ရဲ့နာမည်အရင်းကတော့ Lu Yao ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံသားတစ်ယောက်ပါ။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် 12 လပိုင်း 16 ရက်နေ့ဖြစ်တာကြောင့် အခုဆိုရင် Somnus ဟာ အသက် 23 နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

Somnus ဟာ 2012 ခုနှစ် နှစ်ကုန်ပိုင်းလောက်ထဲက Chinese Dota 2 Leaderboard ရဲ့ ထိပ်ပိုင်းနေရာကို ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရည်ကောင်းတွေပိုင်ဆိုင်ထားတဲ့သူကို 2013 ခုနှစ် 1 ပိုင်းလောက်မှာတော့ Vici Gaming က ခေါ်ယူခဲ့ပါတယ်။

Vici Gaming မှာ အချိန်တစ်ခုလောက်ကြာအောင် ကစားပြီးတဲ့အချိန်မှာတော့ Somnus ဟာ 2014 ခုနှစ် 2 လပိုင်းမှာ LGD Gaming ကိုပြောင်းရွှေ့လာခဲ့ပါတယ်။

အဲ့ဒီမှာ လေးလလောက်ကစားပြီးတဲ့အချိန်မှာတော့ Somnus ဟာ LGD’s developmental Team ဖြစ်တဲဲ့ LGD.CDEC ကိုရောက်ရှိသွားခဲ့ပါတယ်။

အဲ့ဒီမှာ 6 လလောက်ကစားပြီးတဲ့အချိန်မှာဆိုရင်တော့ Somnus ဟာ CDEC Gaming ကိုရောက်ရှိခဲ့ပါတယ်။

အဲ့ဒီမှာ 5 လလောက်ကစားပြီးတဲ့အချိန် 2015 ခုနှစ် 3 လပိုင်းလောက်မှာတော့ Somnus ဟာ LGD.Gaming ကိုပြန်ရောက်လာခဲ့ပြီး 2018 ခုနှစ်မှာတော့ LGD.Gaming ဟာ PSG ရဲ့စာချုပ်ချုပ်ခဲ့တဲ့အတွက် PSG.LGD ဆိုပြီး နာမည်ပြောင်းခဲ့သလို Somnus ဟာလည်း ယခုအချိန်ထိ ၄င်းအသင်းမှာ ကစားနေဆဲပဲဖြစ်ပါတယ်။

LGD အသင်းနဲ့အတူ Somnus ရရှိထားတဲ့ အောင်မြင်မှုတွေကတော့

I-League Season 3

Mars Dota2 League 2017

EPICENTER XL 2018

MDL Chengsha Major 2018 တို့မှာ 1st ရယူထားနိုင်ခဲ့ပြီး

World Cyber Arena 2015

Dota 2 Asia Championships 2018

The International 2018 တို့မှာ Second Place ရရှိခဲ့သလို

The International 2015

The International 2019 တို့မှာ 3rd place နဲဲ့

The International 2017 မှာ 4th place ရရှိခဲ့ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။