ပရိသတ်ကြီးရေ.. ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အူဝဲရဲ့ကိုယ်ပွားလေးဆိုပြီး အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မေတိုးခိုင်ကိုတော့ ပရိသတ်တွေချစ်ခင်ကြမှာပါနော်..။

ကိုယ်ပိုင်ဟန်ပန်လေးတွေရှိတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေဆီက ချီးကျူးအားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့မေတိုးခိုင်ကိုတော့ ယောကျ်ားလေး မိန်းကလေးအားလုံးက ချစ်နေကြတာပါ..။

Photo Credit - May T. Khine's Fb Page
Photo Credit - May T. Khine's Fb Page

အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ မေတိုးလေးကတော့ အခုလတ်တလော Stay Home နေရတဲ့အချိန်မှာလည်း ပရိသတ်တွေအတွက် ပို့စ်လေးတွေတင်ပေးဖြစ်ပြီး Live မှာလည်း အားလုံးနဲ့ စကားပြောဖြစ်နေပါတယ်နော်..။

ပရိသတ်အချစ်တော်လေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေအကြောင်းပြောပြရင်း Ar-T ရဲ့ မက်ခွင့်မရှိ Music Video လေးမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

Photo Credit - May T. Khine's Fb Page
Photo Credit - May T. Khine's Fb Page

သီချင်းလေးကို အရမ်းကြိုက်သလို Ar-T ကိုလည်း ယုံလို့ရိုက်ဖြစ်ပြီး ကိုယ်ကြိုက်တဲ့ Idol ကို Support လုပ်ပေးရတာ အရမ်းကြိုက်တဲ့အတွက် ရိုက်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို သူမရဲ့သရုပ်ဆောင်တဲ့ပုံစုံလေးတွေနဲ့ သီချင်းလေးကို ပရိသတ်တွေ ကြိုက်ကြလို့ အရမ်းဝမ်းသာတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ မေတိုးခိုင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - May T. Khine's Fb Page
Photo Credit - May T. Khine's Fb Page
https://www.facebook.com/watch/?v=317061062917506&extid=Gm4YyEnrSdfT0fG7

Photo Credit - May T. Khine's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။