ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ အလှပဆုံးလို့ သတ်မှတ်ခံထားရတဲ့ female figure skaters တွေကို ဖော်ပြပေးလိုပါတယ်။

သူတို့တွေထဲကတော့ အချို့ကတော့ အနားယူသွားပြီဖြစ်ပြီး အချို့ကတော့ ယနေ့ထက်ထိ skater ဘဝနဲ့ ရပ်တည်နေသူတွေပဲ ဖြစ်ပါတယ်။

1.Emmi Peltonen

Emmi Peltonen
Photo from google
Emmi Peltonen
Photo from google

Emmi Peltonen ကတော့ အမေရိကန်နိုင်ငံ Nashvile မှာမွေးဖွားခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

အသက်အားဖြင့်တော့ 20 အရွယ်ရှိနေပြီ ဖြစ်ပြီး skate စီးတာကိုတော့ သူမ အသက် သုံးနှစ်လောက်ထဲက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမပထမဆုံး စတင်ကစားခဲ့တာကတော့ Nashville Predators စကိတ်အသင်းမှာဖြစ်ပြီး 2013 Nordic Championships မှာ ရွှေတံဆိပ်ဆုရရှိခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

2.Alina Zagitova

.Alina Zagitova
Photo from google
.Alina Zagitova
Photo from google

Alina Zagitova ကတော့ Russia နိုင်ငံသူ figure skater တစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ 2020 ခုနှစ် မေလ 18 ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အသက်အားဖြင့်တော့ 18 နှစ်ကျော်ကျော်သာ ရှိပါသေးတယ်။

Alina Zagitova ဟာ 2018 European Championship နဲ့ 2019 World Championship တို့မှာ အနိုင်ရရှိထားသူတစ်ယောက်ဖြစ်ပြီး world ranking မှာလည်း top ten စာရင်းထဲ ဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

3.Yuna Kim

Yuna Kim
Photo from google
Yuna Kim
Photo from google

Yuna Kim ကတော့ တောင်ကိုရီးယားနိုင်ငံသူတစ်ဦးဖြစ်ပြီး အသက် 6 နှစ်အရွယ်မှာတင် skate စီးတာကို စတင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

Yuna ဟာ သူမရဲ့ skater ဘဝတစ်လျှောက် ပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို ရွှေတံဆိပ်ဆုများစွာကိုလည်း ရရှိခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

2014 ခုနှစ် ဖေဖော်ဝါရီလ 20 ရက်နေ့မှာ အနားယူသွားခဲ့ပေမယ့်လည်း သူမရဲ့နာမည်ကတော့ တောင်ကိုရီးယား figure skater တွေကြားမှာ ပျံ့လွင့်နေဆဲပဲ ဖြစ်ပါတယ်။

Myanmarload Sports. ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။