Cyberpunk 2077 ကတော့ အများကြီး ပြောပြစရာမလိုပါဘူး။ ၂၀၂၀ မှာလူစောင့်များတဲ့ ဂိမ်းကြီး တစ်ခုလို့ ပြောရမှာပါပဲ။ Trailer နဲ့တင်လူစိတ်ဝင်စားမှုကိုခံခဲ့ရပြီး အရင်တခြားဂိမ်းတွေနဲ့မတူတဲ့ ရသ တွေကိုပေးစွမ်းနိုင်ပြီး Graphic ဟာဆိုရင်လဲ တော်တော်လေးမိုက်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့မှာ လူတွေဟာလဲ စက်မှုနည်းပညာတွေနဲ့ တော်တော်လေးကို ခေတ်ရှေးပြေးနေကြတဲ့ပုံတွေနဲ့ တွေ့ရှိရမှာဖြစ်ပါတယ်။ လူတွေကိုထပ်မံစွဲဆောင်းလိုက်တဲ့ အချက်ကတော့ John Wick မင်းသား Keanu Reeves ပဲဖြစ်ပါတယ်။

Game နဲ့ပတ်သတ်ပြီး ခုခ‌ျျိန်မှာလဲ သတင်းတော်တော်များကိုထုတ်ရှိလို့ထားပါတယ်။ အဲ့ထဲက သတင်း‌ေတွကတော့ မရိုးနိုင်တဲ့ သေနတ်ပေါင်းများစွာပါ၀င်ပြီး လက်နက်မ‌ျိုးစုံပါ၀င်လာမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက်လဲ လက်နက်တွကို အမျိုးမျိုး ပြုလုပ်လို့ရမှာဖြစ်သလို ဂိမ်း Story Line ဟာလဲ Witcher 3 လောက်ကြာမှာမဟုတ်ဘူးလို့ ထွက်ရှိခဲ့ပါတယ်။ ဂိမ်းထွက်လာမှပဲသိရှိရမှာမို့ စောင့်ရတဲ့သူတွေအတွက် ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။