မင်းသားချောလေးမြင့်မြတ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ 

Photo Credit : Myat Wai Hun ' s facebook acc
Photo Credit : Myat Wai Hun ' s facebook acc

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မြင်မြတ်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးမြတ်သူကို ပိုင်ဆိုင်ထားကာ မြင့်မြတ်တို့မိသားစုလေးကတော့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit : Myat Wai Hun ' s facebook acc
Photo Credit : Myat Wai Hun ' s facebook acc

မြင့်မြတ် ၊Kညီ ၊ ထူးခြားတို့သူငယ်ချင်းသုံးယောက်ကတော့ ယခုမှာ နာမည်ကြီးထိုင်းသီချင်းလေးနဲ့ အပီအပြင်မျက်နှာပြောင်ရင်း ပျော်ရွင်စွာဆော့ကစားထားတဲ့ TIKTOKဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ အဆိုပါtiktokဗီဒီယိုဖိုင်လေးဟာ ရယ်မောစရာကောင်းလွန်းတာကြောင့် ကြည့်ရူသူပရိသတ်တွေအလွန်များပြားလျက်ရှိနေတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြင့်မြတ် ၊Kညီ ၊ ထူးခြားတို့သူငယ်ချင်းသုံးယောက်ရဲ့ အခွီTiktokလေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: David K Nyi ' s Tiktok Acc 

Photo Credit : Htoo Charr ' s facebook acc
Photo Credit : Htoo Charr ' s facebook acc
@davidknyi

- Kinnapon Thasanangar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။