အဆိုတော်Gfattကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူကတော့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အချစ်တော်ဖြစ်ပြီး သီချင်းအသစ်လေးတွေ ထွက်ရှိဖို့လည်း ကြိုးစားလျက်ရှိနေပါတယ်။GFattကတော့ ယခုမှာ ဘော်ဒါရင်းစိတ်ဓာတ်အပြည့်ရှိပြီးပြဿနာမှန်သမျှကူညီဖြေရှင်းပေးတတ်တဲ့ Ice Coldကို မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။

Photo Credit: GFatt ' s Facebook Acc
Photo Credit: GFatt ' s Facebook Acc

GFattကတော့ " ခင်တာ ငယ်ငယ်​လေးထဲက မဟုတ်ဘူး .. ၅နှစ်​လောက်ပဲရှိဦးမယ်လူကိုထက် စိတ်ကိုပို​ပေါင်းဖြစ်တဲ့ သူငယ်ချင်း​တွေထဲက တစ်​ယောက်ပဲ ဆိုပါ​တော့ .. စိတ်​တွေညစ်ရရင် ဒုက္ခတစ်ခုခု​ရောက်ရင် ကိုယ် ရင်ဖွင့်စရာ ရယ်လို့ ရှားပါတယ် အဲ့ရှားတဲ့​ကောင်​တွေထဲဒီ​ကောင်ပါတယ်Ice Cold နဲ့ ခင်တဲ့ လူ​တိုင်းကျွန်​တော့်လို ဒီ​ကောင့်ကို ရင်ဘက်နဲ့​ပေါင်းဖြစ်မှာပဲ ဘာလို့ဆို ဒီ​ကောင်က ဖြူတယ် ကျွန်​တော်တို့အတူတူ ဆိုးခဲ့တာ​တွေ ကျွန်​တော်ဆိုးသမျှ လိုက်​ဖြေရှင်းခဲ့တာ​တွေ သူဆိုးသမျှကျွန်​တော် လိုက်​ဖြေရှင်းရတာ​တွေ ​ပြောမကုန်ပါဘူး သီချင်း​တွေနဲ့မဆိုင်ပဲ​ပေါင်းဖြစ်တဲ့​ကောင်ပါ .. သူ့ကိုသီချင်း​​တွေအများကြီးထွက်​စေ့ချင်တယ် ​ဒီ့ထက်​အောင်မြင်​စေ့ချင်တယ် "ဆိုပြီး ရေးသားထားပါတယ်။

Photo Credit: GFatt ' s Facebook Acc
Photo Credit: GFatt ' s Facebook Acc

GFattကတော့ " သူငယ်ချင်းဆိုတာ ​ကောင်း​ကောင်းဆိုးဆိုး တကယ် ရင်ထဲ​ရောက်သွားရင် ဘာမှမကြည့်ပဲ ချစ်သူ​တွေ ရည်းစား​တွေထက် ပိုခိုင်မြဲပါတယ် ဒီ​နေ့က သူ့​မွေး​နေ့ပါ .ကျွန်​တော့်ဘက် ရပ်ဖို့ဆို ဘာမှမစဥ်းစားခဲ့တဲ့​ ကျွန်​တော့်သူငယ်ချင်း ​မွေး​နေ့မှစပြီး ဟဲဗီးအလုပ်​တွေ ပိုကြိုးစားပြီး ချစ်တဲ့မိသားစု ပါတ်ဝန်းကျင် တိုင်းပြည်အတွက် အကျိုးပြုနိုင်ပါ​စေ ကျွန်​တော်နားလည်တဲ့သူငယ်ချင်းဆိုတာ ဘယ်​​လောက်မှားမှား မင်းဘက်ကပဲ ဆိုတာထက် ဘယ်​လောက်အမှားအနည်းဆုံးဖြစ်​အောင် မင်းနဲ့အတူတူကြိုးစားကြမလဲ ဆိုတာ ပိုအ​ရေးကြီးပါတယ် ..ကျွန်​တော်တို့က Gfatt ​တွေ Ice Cold ​တွေထက် မြတ်သူ​တွေ ​အေးချမ်းမင်း​တွေကိုပိုတန်ဖိုးထားတဲ့ အချစ်ဆုံး​ကောင်​တွေဖြစ်​ကြောင်း Happy Birthday လုပ်ရင်း တင်ပြလိုက်ရပါတယ် "ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

Source : GFatt ' s Facebook Acc

Photo Credit: GFatt ' s Facebook Acc
Photo Credit: GFatt ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။