ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အမိုက်စားအသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေ သီဆိုထားပြီး ဆယ်စုနှစ်တွေကတည်းက အောင်မြင်နေသူကတော့ အဆိုတော်ထူးအယ်လင်းပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်အဖြစ် အခိုင်အမာရက်တည်နေသလို ပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်ဆောင်နေပြီး လှူဒါန်းမှုတွေလည်း ပြုလုပ်နေပါတယ်နော်..။

Photo Credit - Htoo El Lynn's Fb Account
Photo Credit - Htoo El Lynn's Fb Account
Photo Credit - ရက္ခကြီး Fb Account

အခုတစ်ခါမှာလည်း မြောက်ဥက္ကလာမြို့နယ်၊ သာကေတမြို့နယ်၊ ဒလနဲ့ လှိုင်သာယာ စတဲ့ ကျူစင်တာ တစ်နေရာတိုင်းစီကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

(၇)ရက်သားသမီး အလှူရှင်တွေရဲ့ အင်အားတွေနဲ့ အခုလို တစ်ဖက်တစ့လမ်းက တတ်နိုင်သလောက် လှူဒါန်းကူညီခွင့်ရလို့ ဝမ်းသာရတဲ့အကြောင်းလေးကိုလည်း ထူးအယ်လင်းက ပြောပြထားပါသေးတယ်..။

Photo Credit - Htoo El Lynn's Fb Account
Photo Credit - ရက္ခကြီး Fb Account
Photo Credit - ရက္ခကြီး Fb Account

"မြောက်ဥက္ကလာ၊သာကေတ၊ဒလ၊လှိုင်သာယာ...

ကျူစင်တာ တစ်နေရာစီတိုင်းကို PPE ဆယ်စုံ၊ Mask ငါးရာ/တစ်ထောင်၊ကြက်ဥ ၄၅၀ လုံး၊ လက်သန့်ဆေးရည်၊ တတ်နိုင်သလောက် ခုနှစ်ရက်သားသမီး /ရာဟုသားသမီးအပါ အလှုရှင်များအင်အားဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်သလောက်ကူညီခွင့်ရတာ ပျော်တယ်ဗျ

ကျေးဇူးပါပဲဗျာ.." ဆိုပြီး ရေးသားမျှဝေထားတာပါ..။

အခုလိုအချိန်ကာလလေးမှာ တတ်နိုင်တဲ့အင်အားတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ထူးအယ်လင်းတို့ရဲ့အလှူလေးကိုလည်း ပရိသတ်တွေကလည်ာ ချီးကျူးကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - ရက္ခကြီး Fb Account
Photo Credit - ရက္ခကြီး Fb Account
Photo Credit - ရက္ခကြီး Fb Account

Source & Photo Credit - Htoo El Lynn's Fb Account & ရက္ခကြီး Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။