Photo credit - Adroit twitter

လက် Team 032 ရဲ့carry player Natsumi- နာမည်အရင်းကတော့ John Anthony Vargas ဖြစ်ပြီး သူဟာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 2001 ခုနှစ် ၈ လပိုင်း ၈ ရက်နေဖြစ်တာကြောင့် Natsumi ဟာ အခုဆို ရင် အသက် ၁၉ နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Natsumi ဆိုပြီး လူအများသိလာတာကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့ dota 2 team ကတော့ HappyFeet ပဲဖြစ်ပါတယ်။

HappyFeet မှာတော့ Natsumi ဟာ ၂၀၁၉ ခုနှစ် ၃ လပိုင်း ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ၄ လပိုင်း ၉ ရက်နေ့အထိကစားခဲ့ပြီးနောက် Happy Feet Emperors ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ Natsumi ဟာ ရက်ပိုင်းလောက်သာကစားခဲ့ပြီး ၂၀၁၉ ခုနှစ် ၅ လပိုင်း ၁ ရက်နေ့မှာတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ Team Adroit ကိုပြောင်း ရွှေ့ခဲ့ပါတယ်။

Adrot ကိုရောက်ရှိလာချိန်မှာတော့ Natsumi- ဟာ အရင်ကထက်လူသိများလာခဲ့ပြီး Adroit နဲ့အတူ tournaments တော်တော်များများမှာ champion ဆုကိုရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် 2020 ခုနှစ် 8 လပိုင်း 11 ရက်နေ့မှာတော့ Natsumi- ဟာ သူတစ်နှစ်ကျော်လောက် ကစားလာတဲ့ Team Adroit ကနေထွက်ခွာခဲ့ပါတယ်။

2020 ခုနှစ် 8 လပိုင်း 23 ရက်နေ့မှာတော့ Natsumi- ဟာ အသစ်ဖွဲ့စည်းခဲ့တဲ့ 032 ရဲ့ roster မှာပါဝင်လာခဲ့ပြီး ယနေ့ထက်ထိ ၄င်းအသင်းမှာကစားနေဆဲ ဖြစ်ပါတယ်။

Natsumi ရဲ့ signature heros တွေကတော့ Wraith king , Draw Ranger နဲ့ Morphling တို့ဖြစ်ပြီး ကစားသမားဘ၀ total earnings ကတော့ $31,325 USD ရှိနေပြီပဲဖြစ်ပါတယ်။

Natsumi အကြောင်းက အများကြီးရှာမရတဲ့အတွက် သိသလောက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။