ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတာမကြာသေးပေမယ့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ အရယူထားနိုင်တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ပဲ ဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင်အားဖြည့်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ music video တွေနဲ့ ကြော်ငြာတွေကိုလည်း များစွာရိုက်ကူးနေကာ အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။

Photo credit - Saung Yoon San's FB account
Photo credit - Saung Yoon San's FB account

သူမက ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်ပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေ က ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ဆောင်းယွန်းက စကားပြောဆို ချိုသာယဥ်ကျေးပြီး ဆွဲဆောင်မှုရှိလွန်းလှတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသတို့အသည်းစွဲ မင်းသမီးတစ်ယောက်လည်း ဖြစ်သလို မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်ရတဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။

Photo credit - Saung Yoon San's FB account

လတ်တလောမှာ ပရိသတ်အချစ်တော်မလေးဆောင်းယွန်းက အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ နေ့စဉ် လှုပ်ရှားမှာပုံရိပ်လေးတွေကိုလည်း ဆိုရှယ်မီဒီယာကနေ အမြဲတင်ပေးလေ့ရှိနေတာဖြစ်ပြီး အခုလက်ရှိမှာလည်း စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ လှပပြီး ကြည့်ကောင်းလွန်းတဲ့ ပုံရိပ်လေးတွေအပြင် "Daddy's ရိုက်ချက် Mommy’s လက်ရာကိုမမှီဘူးလို့ပြောရဲဘူး..ကြောက်တယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Saung Yoon San's FB account

Photo credit - Saung Yoon San's FB account 

Source  - Saung Yoon San's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။