အမိုက်စားကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးဘဝကတည်းက သရုပ်ဆောင်အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဝါဆိုရဲ့ သရုပ်ဆောင်မှုတွေကလည်း တစ်ကားထက်တစ်ကား ပိုမိုပီပြင်ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။
သူမရဲ့ ကိုယ်လုံးလေးကလည်း လေ့ကျင့်ခန်းလုပ်စရာမလိုဘဲနဲ့တောင်ကို ကျစ်လစ်သွယ်လျပြီး အချိုးအစားမိုက်လွန်းနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝါဆိုတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလျက် ရှိရာ မနေ့ညကလည်း ဝါဆိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ အမိုက်စား bodyလေးကို စည်းချက်ကျကျလှုပ်ခါပြီးစွဲမက်စရာကောင်းတဲ့ကကွက်လေးတွေနဲ့ညှို့အားပြင်းစွာကနေတဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဝါဆိုကလည်း " 2018 တုန်းက KiKi challenge လေးခေတ်စားနေတဲ့အချိန်ကအမှတ်တရလေးပေါ့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Warso Moe Oo’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။