မင်းသား ကျော်ကျော် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးတွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူဟာ ဗီဒီယို ဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် သဘာဝကျကျ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အနပညာနယ်ပယ်မှာအကောင်းဆုံး ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ပြီး ချစ်ရတဲ့ သူ​တွေနဲ့ အိမ်မှာပဲ အနားယူနေထိုင်နေတာဖြစ်ပါတယ်။

Photo credit - Kyaw Naing Oo fb account
Photo credit - Kyaw Naing Oo fb account

ဒါ့အပြင် ကျော်ကျော်ဟာ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထား ပြည့်ဝလွန်းတာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်နေရတာဖြစ်ပါတယ်။ ကျော်ကျော် ကတော့ မကြခဏဆိုသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက် ဟာသ ဗီဒီယိုလေးကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ကျော်ကျော်ဟာ အပျင်းပြေဆော့ထားတဲ့ ရယ်စရာ ဟာသ ဗီဒီယိုလေးကို ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းသုံးယောက်ရဲ့ ကိုယ်ပိုင်fb page ပေါ်တင်ပေးလာခဲ့ပါတယ်။

Photo credit - Kyaw Naing Oo fb account
Photo credit - Kyaw Naing Oo fb account

ဒီဗီဒီယိုလေးထဲမှာတော့ ကျော်ကျော်က အရင်က ခေတ်စားခဲ့တဲ့ သီချင်းလေးကိုနောက်ခံထားပြီး စက်ရုပ်အကလေးနဲ့ ကြည့်မိသူတိုင်း ရယ်မောသွားအောင် အပီအပြင်ကိုကထားတဲ့Tik Tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေး နဲ့လည်း ကျော်ကျာ်က " ဘရဏီဖင်ကုန်း ပြုံးလျှက်မူတာသုံးရက်လှပေတာ " ဆိုပြီး ရေးသား ထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ စက်ရုပ်အကလေးနဲ့ အပီအပြင်ကို ဆော့ကစားထားတဲ့ ကျော်ကျော် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit - Kyaw Naing Oo fb account

Video & Source - N-H-K=ဗရမ်းဗတာ ဘီအက်ဖ် အက်ဖ်များ fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။