MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိလာခဲ့တဲ့သူတော့ မင်းသမီးချောလေး ခေးဆက်သွင် ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒီထက်မက အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတဲ့သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာ အနုပညာအလုပ်တွေရပ်နားထားရပေမယ့် ပရိသတ်တွေအတွက် အပျင်းအပြေ ဆော့ကစားထားတဲ့ အမိုက်စားTik Tok ဗီဒီယိုလေးတွေကို ဖော်ပြပေးပါတယ်။

Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page

ယခုမှာတော့ မင်းသမီးချောလေး ခေးဆက်သွင် က ပရိသတ်တွေ ကြည်နူးစေမယ့် လှူဒါန်းမှုပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ယင်း အလှူပုံလေးကတော့ ခေးဆက်သွင်က အနုပညာကြေးမှရရှိတဲ့ ငွေတချို့ကို ကပ်ရောဂါကာလမှာ အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် အိမ်ထောင်စု (၁၀၀) အတွက် အခြေခံအစားအသောက်တွေဖြစ်တဲ့ ကြက်ဥ ၊ဆန် ၊ ပဲ အခြားပစ္စည်းများအပါအဝင် ကိုယ်တိုင်သွားလှူဒါန်းခဲ့တဲ့ မှတ်တမ်းတင် ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလှူဒါန်းမှုလေးကိုတော့ သူမငယ်စဥ်ကနေထိုင်ခဲ့တဲ့ ရွှေပြည်သာမှာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page

ဒီပုံလေးနဲ့လည်း ခေးဆက်သွင် က "မြန်မာပြည်ကြီး ကျန်းမာပါစေ..ကြည့်ပြီး မငိုကြေးနော်ပရိတ်သတ်အားပေးလို့ ရလာတဲ့ အနုပညာငွေလေးတွေစုပြီးပရိတ်သတ်တွေလည်း ကုသိုလ်ရအောင်လှူဒါန်းပေးခဲ့ပါတယ်...အလှူတိုင်းကို နာမည်ဖော်ပြီး videoရိုက်ကူးပြီး..လှူလေ့လှူထမရှိပေမယ့် ခုတစ်ခေါက်တော့...အားလုံး သာဓုခေါ်နိုင်ဖို့ ကြည်နူးပီတိဖြစ်စေဖို့ အားတက်စေဖို့ ရည်ရွယ်ပြီး ရိုက်ကူးခဲ့ပါတယ်..." ဆိုပြီး ရေးသားထားပါတယ်။ ချစ်ပရိသတ်တွေလည်း ခေးဆက်သွင် ရဲ့ မွန်မြတ်တဲ့ အလှူလေးကို မျက်ရည်ကျမတက် ကြည်နူးပီတိဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page
Photo Credit - Khay Sett Thwin fb page

Photo Credit - Khay Sett Thwin fb page

Source - Khay Sett Thwin fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။