ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တခုတိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အခိုင်အမာရပ်တည်ထားနိုင်သူပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို အရင်က အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလေ့ရှိတဲ့ ထက်ထက်က ယနေ့မှာလည်း ရိုက်ကွင်းထက်က ပုံရိပ်လေးတွေကို တင်ရင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

မင်းသမီးကြီး ထက်ထက်မိုးဦးက " ဒါရိုက်တာက ဦးဖုန်းမြင့်အောင် (Mrtv) ထက်နဲ့ ကြော်ငြာတွေအများကြီး ရိုက်ပေးခဲ့သူပေါ့။Kandawgyi Hotel မှာရိုက်ခဲ့တာ အဲ့ရက်က မှတ်မှတ်ရရ ဦးဖုန်းရဲ့ ကင်မရာဆရာ ဦးစိန်ရံ ပထမဆုံးပါလာတဲ့ရိုက်ကွင်းပါ။ ပုံမှန်ပါတဲ့ ကင်မရာဆရာ ကိုချိန့် မဟုတ်တော့ ရုပ်ထွက်မလှခဲ့မှာစိတ်ပူခဲ့တာ ထက်က လက်မခံချင်ခဲ့ဘူး။ ကိုစိန်ရံဟာ Mrtv မှာ ဦးချိန့်ရဲ့ဆရာဖြစ်ကြောင်း ပိုတော်ကြောင်းပြောပြမှ လက်ခံဖြစ်ခဲ့တာ ပြီးတော့ကျလည်း ထက် ရော ဦးစိန်ရံပါ သီချင်း မြူးကြွ နဲ့ အတူကပြီးရိုက်ခဲ့ကြတာလေးက အမှတ်တရပါပဲဲ။"

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

"ထက်ဘက်ကလည်း အကောင်းကြီးမဟုတ်ခဲ့ ပါဘူး ဂျီကျတာတွေလည်း ရှိခဲ့တာပေါ့။ သရုပ်ဆောင် နဲ့ ဒါရိုက်တာ ဆိုတာလည်း တစ်ဦး နဲ့တစ်ဦး သည်းခံကြရင်း အနုပညာအလုပ်တွေအတူတူ လုပ်ခဲ့ကြတာ ကြော်ငြာတစ်ခေတ်မှာ တော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စီးပွါးရှာဘက်တွေပါဘဲ။" ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

Photo credit - Htet Htet Moe Oo's Fb Page

Source - Htet Htet Moe Oo's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။