အကယ်ဒမီလွင်မိုးတို့မိသားစုကတော့ ယခုအချိန်မှာဆိုရင် အိမ်ထဲမှာပဲ အေးအေးဆေးဆေးနေထိုင်နေကြပြီး လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်သလောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။လွင်မိုးတို့ကတော့ Liamလေးကြောင့် တစ်နေ့တစ်နေ့မပျင်းရဘဲ အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။လွင်မိုးကလည်း အားတဲ့အချိန်တိုင်းကို မြေးလေးနဲ့အတူကစားပေးပြီး အချိန်အပြည့်ပေးတာဖြစ်ပါတယ်နော်။

Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account

လွင်မိုးက သူ့ရဲ့အသက်(၅၀)ပြည့်တုန်းကလည်း အလှူအတန်းတွေလုပ်ခဲ့တာဖြစ်ပါတယ်။လွင်မိုးတို့မိသားစုကလည်း ဒီကာလတွေမှာ Covid19အတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းကြပါတယ်နော်။အခုဆိုရင်လည်း သူတို့မိသားစုလှူနေကျဖြစ်တဲ့ မဟာဂန္ဓာရုံစာသင်တိုက်မှာ အခြေခံစားသောက်ကုန်တွေကို တစ်ပိုင်တစ်နိုင်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

လွင်မိုးက"ဒီနေ့တော့...နှစ်စဥ်အလှူလုပ်နေကျ ကမ္ဘာအေး..မဟာဂန္ဓာရုံ..စာသင်တိုက်အတွက် ဆီ..........၂၅..ပိဿာ၊ငါးပိ.........၅...ပိဿာ၊ငါးရံ့ခြောက်..ဖုတ်ပြီးသား...၂..ပိဿာ လှုဒါန်းဖြစ်ပါတယ်"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။အခုကာလမှာ စာသင်တိုက်နဲ့ဘုန်းကြီးကျောင်းတွေလည်း ဆွမ်းအခက်အခဲဖြစ်နေတာကြောင့် အခုလို‌လှူဒါန်းတာ ပီတိဖြစ်စရာပါနော်။ပရိသတ်ကြီးလည်း လွင်မိုးတို့မိသားစုရဲ့ အလှူကို သာဓုခေါ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

Photo Credit:Lwin Moe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။