ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ဖြူဖွေးဝင်းဥပြီး ဝင်းဝါစိုပြေလှတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေး ပရိသတ်တွေကပါ အားကျငေးမောနေရတာလည်း ဖြစ်ပါတယ်။ သဇင်ထူးမြင့်ဟာ အကယ်ဒမီရွှေကြိုတွင် ဗန်းကိုင်အဖြစ် ပါဝင်ခဲ့ရာမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Crd- Thazin Htoo Myint’s Facebook Account
Photo Crd- Thazin Htoo Myint’s Facebook Account
Photo Crd- Thazin Htoo Myint’s Facebook Account

သူမဟာ လတ်တလောမှာလည်း ဖခင်ဖြစ်သူ ရိုက်ကူးနေတဲ့ " ဆိုးပေ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သဲဟာ ဒီဇာတ်ကားကို သရုပ်ဆောင်များစွာနဲ့အတူ  မန္တလေးမြို့မှာ သွားရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ် ။ သူမရဲ့လှုပ်ရှားမှုတွေကို အမြဲဝေမျှပေးလျက်ရှိရာ အခုတစ်ခါမှာလည်း သဲရဲ့Facebook story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Thazin Htoo Myint’s Facebook Account
Photo Crd- Thazin Htoo Myint’s Facebook Account
Photo Crd- Thazin Htoo Myint’s Facebook Account

ဒါကတော့ မင်းရွှေရောင်တင်နဲ့အတူ Effectလေးတွေနဲ့မျက်နှာပုံစံပြောင်းကာဆော့နေတဲ့သဇင်ထူးမြင့်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်းရဲ့ တစ်ဦးတည်းသောသား မင်းရွှေရောင်တင်(ခ) ပူတူးပါ ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thazin Htoo Myint’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။