ချစ်ရတဲ့ ပရိသတ်ကြီးရေ...လူငယ်ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိထားတဲ့ ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲလေးကတော့ အမြဲ Romantic ဆန်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာရှိတာကိုလည်း တွေ့ရပါတယ်နော်။ နားလည်မှုရှိပြီး သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့တဲ့ ဘေဘီတို့ စုံတွဲလေးဟာဆိုရင် Relationship သက်တမ်း အတော်ကြာပြီလည်း ဖြစ်ပါတယ် ။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ သူတို့ နှစ်ဦးက အနုပညာအလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်လေ့ရှိတာကို တွေ့ရပါတယ်။ မကြာခဏဆိုသလိုလည်း ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာဖြစ်လို့ ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေတာပဲ ဖြစ်ပါတယ်။

Photo credit - Thar Gan
Photo credit - Thar Gan
Photo credit - Thar Gan

ယနေ့မှာတော့ ဘေဘီမောင်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ချစ်သူသားဂန်း ရိုက်ပေးထားတဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ပင်ကိုယ်အလှကိုပေါ်လွင်စေတဲ့ ကြိုးတစ်လုံးဂါဝန်လေးကို ဝတ်ဆင်ပြီး အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးနေတဲ့ ဘေဘီမောင်ရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အသည်းယားအချစ်ပိုမိစေမှာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Thar Gan
Photo credit - Thar Gan
Photo credit - Thar Gan
Photo credit - Thar Gan
Photo credit - Thar Gan

Source - Baby Maung's FB account

Photo credit - Thar Gan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။