မင်းသမီးချောလေး မိုးယုစံကတော့ ဒုတိယကိုယ်ဝန်လည်းလွယ်ထားရတာကြောင့် လတ်တလောမှာဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။မိုးယုက မိသားစုကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ပေးပြီး သားလေးဘေးနားမှာလည်း အချိန်ပြည့်နေပေးနေတာဖြစ်ပါတယ်။Austinလေးကလည်း ပရိသတ်တွေရဲ့မျက်စိရှေ့‌မှာတင် တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတာဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Acc/MY DREAM
Photo Credit:Moe Yu San's Facebook Acc

မေမေမိုးယုရဲ့ ဒုတိယကိုယ်ဝန်ကလည်း သားလေးပဲဖြစ်လို့ မိုးယုကတော့ သားနှစ်ယောက်မိခင်အဖြစ် ဂုဏ်ယူနေတာဖြစ်ပါတယ်။မိုးယုတို့မိသားစုလေးက နှစ်ဖက်မိဘတွေနဲ့လည်း စည်းစည်းလုံးလုံးရှိပြီး အရမ်းပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။မိုးယုက အိမ်ထောင်ကျတာအရမ်းကံကောင်းတာကြောင့် သာယာလှပတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

မိုးယုရဲ့ခင်ပွန်းကလည်း ချစ်ဇနီးနဲ့သားလေးကို အထူးဂရုစိုက်ပေးပြီး စိတ်ချမ်းသာအောင်ထားပေးနေတာဖြစ်ပါတယ်။Austinလေးကလည်း အခုအရွယ်ကတည်းက သိတတ်လိမ္မာပြီး အေးအေးဆေးဆေးနေတတ်တဲ့ကလေးလေးဖြစ်ပါတယ်။အခုဆိုရင်လည်း Austinလေးက မာမီညောင်းနေမှာစိုးလို့ ခြေထောက်လေးကို သေသေချာနှိပ်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

Photo Credit:Moe Yu San's Facebook Acc

Source&Video Credit:Moe Yu San's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။