Photo credit - ESL

Vici Gaming ရဲ့ လက်ရှိ mid player "Ori" ရဲ့နာမည်အရင်းကတော့ Zeng Jiaoyang ဖြစ်ပြီး သူဟာတရုတ်နိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။

Birth date ကတော့ 1995 ခုနှစ် 7 လပိုင်း 22 ရက်နေ့ဖြစ်တာကြောင့် Ori ဟာလက်ရှိမှာ အသက် 25 နှစ်ကျော်အရွယ် ရှိနေပြီပဲ ဖြစ်ပါတယ်။

Ori အနေနဲ့ dota 2 pro team တွေမှာစတင်ကစားခဲ့တာကတော့

2016 ခုနှစ် 9 လပိုင်း 17 ရက်နေ့ကဖြစ်ပြီး DUOBAO အသင်းမှာစတင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

၎င်းအသင်းမှာ လေးလဝန်းကျင်လောက်ကစားပြီး 2017 ခုနှစ် 1 လပိုင်း 6 ရက်နေ့မှာတော့ Vici Gaming ကိုပြောင်းရွှေ့လာခဲ့သလို ယခုအချိန်ထိ Vici Gaming မှာကစားနေဆဲပဲဖြစ်ပါတယ်။

Ori ရဲ့ signature hero တွေကတော့ Templar Assian , Strom Sprit နဲ့ Shadow Fiend တို့ဖြစ်ပြီး ကစားသမားဘ၀ total earnings ကတော့ဖ$832,428 ရှိနေပြီပဲဖြစ်ပါတယ်။

Ori Vici Gaming နဲ့အတူ ရရှိထားတဲ့အောင်မြင်မှုတွေကတော့

Dota2 Professianal League Season5

StarLadder ImbaTV Dota2 Minor Season 1

DreamLeague Season 11

EPICENTER MAJOR 2019

One Esports Dota 2 World pro Invitaional Singapore

တို့မှာ 1ST PLACE

ESL One Katowice 2018

Captains Draft 4.0 2018

MDL Chengdu Major 2019 တို့မှာ 2nd place

MDL Changsha Major 2018 နဲ့

DreamLeague Season 13 တို့မှာ 3rd place

The International 2018 မှာ 9-12th place

The International 2019 နဲ့

China Dota2 Supermajor 2018 တို့မှာ 5-6th place တို့ရရှိထားပါတယ်။  

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။