ချစ်ရတဲ့ ပရိသတ်ကြီးရေ...သရုပ်ဆောင် မင်းသမီးချောလေး သွန်းဆက်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး အောင်မြင်မှုများစွာရရှိထားတဲ့သူလေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေက တစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သွန်းဆက်က ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Life Photography

သွန်းဆက်က ချစ်စရာကောင်းတဲ့ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အသားအရည်လေးကလည်း ဝင်းမွတ်ဖြူဖွေးတာဖြစ်လို့ ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရရှိထားသူပါ။ ဒါ့အပြင် ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်စားတတ်သူဖြစ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ကြတာကို တွေ့ရပါတယ်။

Photo credit - Life Photography

ယနေ့မှာတော့ မင်းသမီးချောလေး သွန်းဆက်က ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးကို လိုက်ဖက်ညီညီ ဝတ်ဆင်ကာ အထာကျကျပိုစ့်ပေးနေတာပဲ ဖြစ်ပါတယ်။ Photo shooting နောက်ကွယ်က ပုံရိပ်အလန်းလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း သွန်းဆက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....... ။

Photo credit - Life Photography

Photo credit - Life Photography

Source - Thun Sett's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။