ဖြူဖြူထွေးလို့ဆိုလိုက်တာနဲ့ ပရိသတ်တွေတော်တော်များများက ဟာသမင်းသမီးလေးဆိုပြီး ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ စတင်အောင်မြင်ခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် မသိသူမရှိလောက်အောင်ကို နာမည်ရနေပြီလည်း ဖြစ်ပါတယ် ။ ဖြူဖြူထွေးဟာဆိုရင် အလှူအတန်းအင်မတန်ရက်ရောပြီး လိုအပ်နေတဲ့သူတွေကို အမှန်တကယ်ကူညီပေးလေ့ရှိတာကြောင့် အားလုံးက သူမကိုလေးစားချစ်ခင်နေရတာပဲ ဖြစ်ပါတယ် ။
ဖြူဖြူထွေးက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်လှပနေတာ ဖြစ်ပါတယ် ။ လူငယ်ပီပီ အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ ဖြူဖြူထွေးက အလုပ်ကြိုးစားသလို အားလပ်ချိန်လေးတွေမှာလည်း ပရိသတ်တွေအတွက် အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ် ။ အခုတော့ ဖြူဖြူထွေးက အိမ်မှာနေရင်း စတိုင်လ်အပြည့်နဲ့ ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။
ဖြူဖြူထွေးက အရမ်းအထာကျတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ထားပြီး သူမရဲ့အိပ်ခန်းလေးထဲမှာ အပီအပြင်ရှိုးထုတ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စားပို့စ်တွေတစ်မျိုးတစ်မျိုးလုပ်ပြရင်း လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေတဲ့ ဖြူဖြူထွေးရဲ့ပုံစံလေးကလည်း တကယ့်ကို ဟန်ဆောင်မှုကင်းလို့နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Phyu Phyu Htwe's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။