ပရိသတ်အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ နှစ်အတော်ကြာအောင် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ် ။ နန္ဒာလှိုင်က ခင်ပွန်းဖြစ်သူနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးသုံးယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ ကလေးတွေနဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကတော့ အားကျချင်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc

လက်ရှိမှာတော့ နန္ဒာလှိုင်က မိသားစုကိုပြုစုစောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ နန္ဒာလှိုင်အနေနဲ့ မိသားစုအပေါ်မှာ တာဝန်ကျေပွန်ပြီး မြတ်မြတ်နိုးနိုးချစ်ပေးတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ဘဝလေးက သာယာစိုပြေနေတာ ဖြစ်ပါတယ်။ အခုလည်း ဇနီးကိုအရမ်းချစ်တတ်တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်းက မင်္ဂလာဦးညတုန်းက ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc

နန္ဒာလှိုင်ရဲ့ခင်ပွန်းက "မင်္ဂလာဦးည ကျွန်တော်က တော်ရုံဖျားတာလောက်ဆို ဆေးမသောက်ဘူး။ ရေသောက်ပြီးပဲ ကုတာ။ အဲ့ဒါကြောင့် အခုချိန်ထိ ဘာဆေးသောက်သောက် ကျွန်တော့်အတွက် အရမ်းပြင်းသလို ဖြစ်နေတယ်။ နန္ဒာနဲ့ယူပြီး ပထမဆုံးညမှာ အိပ်ခါနီး နန္ဒာက ကျွန်တော့်အရှေ့မှာ ဝမ်းနှုတ်ဆေးသောက်လိုက်ရော။ ဆေးသောက်လေ့မရှိတဲ့ ကျွန်တော်က ဘာလို့လဲ မေးတော့ မနက်က စားထားတာများလို့ လို့ဖြေတယ်လေ။ ကျွန်တော်လည်း သူနဲ့အတူ စားထားတာပဲဆိုပြီး ယူသောက်လိုက်ပါလေရော။ ပုံမှန်မနက်မှသွားမယ့် ဝမ်းက သောက်ပြီး ခဏအကြာမှာ အစွမ်းတွေပြလိုက်တာ အိမ်သာထဲကမထွက်နိုင်တဲ့ဘဝ ရောက် သွားလေရော....မင်္ဂလာဦးညကို အဲ့ဒီလိုသာ ကုန်ဆုံးသွားလေသတည်းပေါ့ဗျာ။ " ဆိုပြီး အမှတ်တရအဖြစ်အပျက်လေးကို ရေးသားပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Zay Thiha's FB Acc 

Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။