ကလေးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သမီးလေး ထိပ်ထားသခင်ကတော့ အခုဆိုရင် ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ ထိပ်ထားလေးက ကြော်ငြာလေးတွေ ရိုက်ကူးနေရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ထိပ်ထားလေးကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit- " ထိပ်ထားသခင် " FB Page
Photo Credit- " ထိပ်ထားသခင် " FB Page
Photo Credit- " ထိပ်ထားသခင် " FB Page

ထိပ်ထားလေးက အရွယ်လေးနဲ့မလိုက်အောင် သရုပ်ဆောင်တော်သလို အရမ်းကို လိမ္မာရေးခြားရှိတဲ့ ကလေးလေးပဲ ဖြစ်ပါတယ် ။ လူကြီးလေးတစ်ယောက်လို ပြောဆိုတတ်တဲ့ ထိပ်ထားလေးရဲ့အမူအရာလေးတွေကို အားလုံးကချစ်ခင်နေရတာလည်း ဖြစ်ပါတယ် ။ အခုလည်း ထိပ်ထားလေးက သူဘုရားရှိခိုးနေတုန်း သီချင်းတွေအကျယ်ကြီးဖွင့်တဲ့ ဖေဖေ့ကို အပီအပြင်ဆူနေတာပဲ ဖြစ်ပါတယ် ။

Photo Credit- " ထိပ်ထားသခင် " FB Page
Photo Credit- " ထိပ်ထားသခင် " FB Page
Photo Credit- " ထိပ်ထားသခင် " FB Page

ထိပ်ထားလေးက ဖေဖေ့ရဲ့သီချင်းသံကြောင့် ဘုရားရှိခိုးလို့မရကြောင်းပြောပြီး တိုးတိုးလေးဖွင့်ဖို့ လာပြောနေတာပဲ ဖြစ်ပါတယ် ။ ဖေဖေကတော့ သူ့ကိုလာဆုံးမတဲ့ သမီးလေးထိပ်ထားသခင်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်ပြီး သေသေချာချာ နားထောင်ပေးနေတာ ဖြစ်ပါတယ် ။ ကဲ လူကြီးလေးတစ်ယောက်လို စကားတတ်လွန်းတဲ့ သမီးလေးထိပ်ထားသခင်ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- " ထိပ်ထားသခင် " FB Page 

Photo Credit- " ထိပ်ထားသခင် " FB Page
Photo Credit- " ထိပ်ထားသခင် " FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။