ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသား မောင် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ မောင် က ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေ အားပေးမှုတွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင် က အနုပညာအလုပ်တွေကို အရင်ကလို လုပ်ကိုင်နေတာမတွေ့ရတော့ပေမယ့်လည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာ ဦးစားပေး လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - SEIN PHYO& YI fb page
Photo Credit - SEIN PHYO& YI fb page

မောင် က ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က Covid - 19 ရောဂါ ကူးစက်ခံထားရတာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ လက်ရှိမှာ မောင်က ဧရာဝတီကိုဗစ်စင်တာမှာ အထူးကြပ်မတ်ကုသမှုခံယူနေတာဖြစ်ပါတယ်။ ဒါ့အပြင် ရောက်ဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာ မပြပဲ ကျန်းကျန်းမာမာရှိနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - SEIN PHYO& YI fb page
Photo Credit - SEIN PHYO& YI fb page

ယနေ့မှာတော့ မောင် က ဧရာဝတီကိုဗစ်စင်တာမှာ ရောက်ရှိနေခဲ့တာဟာ ( ၅ ) ရက်မြောက်နေ့ကို ရောက်ရှိပြီး တာဝန်ရှိသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ အခြေအနေလေးကို ပရိသတ်တွေအတွက် ဗီဒီယိုလေးနဲ့ မျှဝေလာခဲ့ပါတယ်။ ဒီဗီဒီယိုလေး နဲ့လည်း မောင်က " ဧရာဝတီစင်တာကို ပိုးတွေ့လို့ရောက်လာခဲ့မယ်ဆိုရင် ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို သိထားရအောင် အတွေ့အကြုံကို ပြန်လည်မျှဝေပေးထားတာပါ" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ပရိသတ်တွေလည်း သရုပ်ဆောင်မောင် ကျန်းမာရေးကောင်းပြီး ရောဂါပျောက်ကင်းအောင် ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Video  Credit - SEIN PHYO& YI fb page

Source- SEIN PHYO& YI fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။